Huawei Mate 30 နဲ့ Mate X မှာ Play Store နဲ့ Google Apps တွေ ပါမှာ မဟုတ်

Huawei Mate 30 Series တွေမှာ Google Apps နဲ့ Services တွေ ပါမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ အခုလည်း သတင်း အရင်းအမြစ် အသစ် ၁ ခုကနေ ထပ်ပြီး အတည်ပြုလိုက်ပါတယ်။ Nikkei Asian Review က Huawei ဟာ Mate 30/ Mate 30 Pro နဲ့ Mate X တို့မှာ Google Apps နဲ့ Services တွေ ထည့်ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီအတွက် Google Play Store, Chrome, Gamil, YouTube နဲ့ အခြား Google Apps တွေကို အဲဒီ စမတ်ဖုန်းတွေမှာ အသုံးပြုလို့ မရတော့ပါဘူး။ Android OS တော့ ပါလာမှာပါ။

Samsung က သူ့ရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းကို တောင်ကိုရီးယားမှာ ရောင်းချပေးလိုက်ပါပြီ။ ဒီလနှောင်းပိုင်းမှာ တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာပါ။ မကြာခင်ကပဲ Huawei ရဲ့ မိုဘိုင်း ဌာနမှ အကြီးအကဲ Richard Yu က IFA မှာ Mate X ကို လာမယ့်လ အစောပိုင်းမှာ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ နောက်အကျဆုံး အနေနဲ့ နိုဝင်ဘာလမှာ ဝယ်ယူနိုင်မှာပါ။

Huawei က Mate 30 Series တွေကို ဒီလ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ မကြာခင်က Mate 30 Pro ရဲ့ ဓါတ်ပုံတွေထွက်လာပါတယ်။ ဓါတ်ပုံတွေအရ သူ့မှာ တန်ဖိုးကြီး ဖန်နဲ့ သတ္တု ပေါင်းစပ်တည်ဆောက်ထားပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ Quad-camera ထည့်သွင်းထားပါတယ်။

Ref : gsmarena

Huawei Mate 30 နဲ့ Mate X မှာ Play Store နဲ့ Google Apps တွေ ပါမှာ မဟုတ်

%d bloggers like this: