ဒီဇိုင္း အသစ္ေတြ သံုးထားမယ့္ 2020 iPhone ေတြ

Apple က ၃ ၊ ၄ ႏွစ္မွာ တစ္ႀကိမ္ iPhone ဒီဇိုင္းေတြကို ေျပာင္းလဲေလ့ရွိပါတယ္။ iPhone 6 ကေန iPhone 8 အထိ တူညီတဲ့ ဒီဇိုင္းကို သံုးခဲ့ပါတယ္။ iPhone X ကေန မၾကာခင္ ေၾကညာမယ့္ iPhone 11 Series ေတြအထိ တူညီတဲ့ ဒီဇိုင္းကို သံုးလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၂၀ ခုႏွစ္မွာေတာ့ iPhone ဒီဇိုင္း အသစ္ေတြ ထြက္လာမယ္လို႔ ေလ့လာဆန္းစစ္သူ Ming-Chi Kuo က ေဟာကိန္းထုတ္လုိက္ပါတယ္။

၂၀၂၀ ခုႏွစ္မွာ ထုတ္လုပ္မယ့္ iPhones အားလံုးမွာ 5G ပါလာမယ္လို႔ အရင္က သတင္းထြက္ခဲ့ပါတယ္။ ကုမၸဏီမ်ားရဲ႕ အတြင္းသတင္းမ်ားကို ႀကိဳတင္ဖြင့္ခ်ရာမွာ နာမည္ႀကီးတဲ့ Ice Universe က 2020 iPhone မ်ားမွာ 120Hz Screen မ်ား ပါလာႏိုင္ၿပီး Apple ဟာ Samsung , LG တုိ႔နဲ႔လည္း ေဆြးေႏြးေနတယ္လို႔ တြစ္တာကေန အရင္က မွ်ေ၀ခဲ့ပါတယ္။ Apple က 60Hz နဲ႔ 120Hz ကို ေျပာင္းလဲ သံုးႏုိင္ေအာင္ ဖန္တီးထားမွာပါ။ ရုပ္ေသ ဓါတ္ပံုမ်ား ၾကည့္တဲ့ အခါမွာ 60Hz ကို အလိုလို ေျပာင္းေပးျခင္းျဖင့္ ဘက္ထရီ စားတာ သက္သာေစမွာပါ။ Apple ဟာ အိုင္ပတ္မ်ားမွာ 120Hz Screen မ်ားကို ထည့္သြင္းေပးခဲ့ဖူးပါတယ္။ iPhone မွာေတာ့ ၂၀၂၀ ခုႏွစ္မွာ ပထမဆံုး ထည့္သြင္းေပးမွာပါ။

2020 iPhones မ်ားမွာ 3D ToF Sensor မ်ားပါမယ္လို႔ အရင္က သတင္းထြက္လာပါတယ္။ Apple က အဲဒီ ဆန္ဆာမ်ားအတြက္ အဓိက အစိတ္အပိုင္းမ်ား ထုတ္တဲ့ ကုမၸဏီမ်ားကို ဆက္သြယ္ေနတယ္လို႔ သိရပါတယ္။ 2020 iPhones မ်ားရဲ႕ အေနာက္ဘက္မွာ အဲဒီ ဆန္ဆာကို ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အဲဒီ ဆန္ဆာဟာ iOS 12 မွ ARKit 2 နဲ႔ တြဲဖက္ အလုပ္လုပ္မွာပါ။ iOS 13 မွာေတာ့ ARKit 3 ပါလာမွာပါ။

Ref : theverge

[Unicode]

ဒီဇိုင်း အသစ်တွေ သုံးထားမယ့် 2020 iPhone တွေ

Apple က ၃ ၊ ၄ နှစ်မှာ တစ်ကြိမ် iPhone ဒီဇိုင်းတွေကို ပြောင်းလဲလေ့ရှိပါတယ်။ iPhone 6 ကနေ iPhone 8 အထိ တူညီတဲ့ ဒီဇိုင်းကို သုံးခဲ့ပါတယ်။ iPhone X ကနေ မကြာခင် ကြေညာမယ့် iPhone 11 Series တွေအထိ တူညီတဲ့ ဒီဇိုင်းကို သုံးလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ iPhone ဒီဇိုင်း အသစ်တွေ ထွက်လာမယ်လို့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဟောကိန်းထုတ်လိုက်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်မယ့် iPhones အားလုံးမှာ 5G ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ကုမ္ပဏီများရဲ့ အတွင်းသတင်းများကို ကြိုတင်ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Ice Universe က 2020 iPhone များမှာ 120Hz Screen များ ပါလာနိုင်ပြီး Apple ဟာ Samsung , LG တို့နဲ့လည်း ဆွေးနွေးနေတယ်လို့ တွစ်တာကနေ အရင်က မျှဝေခဲ့ပါတယ်။ Apple က 60Hz နဲ့ 120Hz ကို ပြောင်းလဲ သုံးနိုင်အောင် ဖန်တီးထားမှာပါ။ ရုပ်သေ ဓါတ်ပုံများ ကြည့်တဲ့ အခါမှာ 60Hz ကို အလိုလို ပြောင်းပေးခြင်းဖြင့် ဘက်ထရီ စားတာ သက်သာစေမှာပါ။ Apple ဟာ အိုင်ပတ်များမှာ 120Hz Screen များကို ထည့်သွင်းပေးခဲ့ဖူးပါတယ်။ iPhone မှာတော့ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ထည့်သွင်းပေးမှာပါ။

2020 iPhones များမှာ 3D ToF Sensor များပါမယ်လို့ အရင်က သတင်းထွက်လာပါတယ်။ Apple က အဲဒီ ဆန်ဆာများအတွက် အဓိက အစိတ်အပိုင်းများ ထုတ်တဲ့ ကုမ္ပဏီများကို ဆက်သွယ်နေတယ်လို့ သိရပါတယ်။ 2020 iPhones များရဲ့ အနောက်ဘက်မှာ အဲဒီ ဆန်ဆာကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ဆန်ဆာဟာ iOS 12 မှ ARKit 2 နဲ့ တွဲဖက် အလုပ်လုပ်မှာပါ။ iOS 13 မှာတော့ ARKit 3 ပါလာမှာပါ။

Ref : theverge

%d bloggers like this: