Huawei P30 Pro အတွက် Mystic Blue နဲ့ Misty Lavender Color တွေ ထွက်ရှိ

IFA 2019 မှာ Huawei က P30 Pro အတွက် Mystic Blue နဲ့ Misty Lavender Color တွေကို ကြေညာလိုက်ပါတယ်။ Mystic Blue ဟာ ပင်လယ်ပြင်ရဲ့ ညနေဘက်အချိန်မှာ ဖြစ်လေ့ရှိတဲ့ အရောင် ဖြစ်ပါတယ်။ အရင်ကတော့ Black, Pearl White, Aurora, Amber Sunrise နဲ့ Breathing Crystal Colors တွေ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ စီအီးအို Richard Yu က P30 Pro ကို ကမ္ဘာအဝန်းမှာ ၁၆.၅ သန်း ရောင်းချထားပြီးပြီ ဖြစ်ပြီး အရင်မျိုးဆက်ထက် ရောင်းအား ၅၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။ အရောင် အသစ်တွေနဲ့ လိုက်ဖက်မယ့် Blue နဲ့ Pink Themes တွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်ရဲ့ အထက်ပိုင်းဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး အောက်ပိုင်းကတော့ သာမာန်အတိုင်း ဖြစ်ပါတယ်။ အဲဒီအတွက် လက်ဗွေရာတွေ မထင်တော့ပါဘူး။

Huawei က Android 10 အခြေပြု EMUI 10 Features တွေကိုလည်း ကြေညာလိုက်ပါတယ်။ P30 Series တွေအတွက် ဒီလထဲမှာ Beta Version ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ P30 Pro Mystic Blue နဲ့ Misty Lavender Color တွေကို ဒီလ ၂၀ ရက်နေ့မှာ ရောင်းမှာပါ။

Ref : fonearena

Huawei P30 Pro အတွက် Mystic Blue နဲ့ Misty Lavender Color တွေ ထွက်ရှိ

%d bloggers like this: