Honor MagicBook Pro 2019 Ryzen Edition ကို ကြေညာ

Honor MagicBook Pro 2019 ကို ဇူလိုင်လက ကြေညာခဲ့ပါတယ်။ အခုတော့ Vega 8 Graphics ပါတဲ့ Ryzen Edition ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၁၆.၁ လက်မ Full HD Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက အရမ်းကို ပါးလွှာပါတယ်။ Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းပါ။ 8GB RAM ပါပြီး 512GB SSD အထိ ရွေးချယ်နိုင်ပါတယ်။

အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ပါးလွှာပါတယ်။ ပန်ကာ ၂ လုံး ပါပြီး အပူချိန်လျှော့ချပေးပါတယ်။ ၁၀ နာရီကြာ အသုံးခံတဲ့ 57.4Wh Battery ပါပါတယ်။

HONOR MagicBook Pro 2019 Ryzen specifications

• 16.1-inch (1920 x 1080 pixels) Full HD display with 100% sRGB
• 2.1GHz AMD Ryzen 5 3550H (up to 3.7GHz) with AMD Radeon RX Vega 8 GPU / 2.3GHz AMD Ryzen 7 3750H (up to 4.0GHz) with AMD Radeon RX Vega 10 GPU
• 8GB / 16GB DDR4 2400MHz RAM, 512GB PCIe SSD
• Windows 10 Home
• 1MP HD webcam, built-in dual digital microphones
• Fingerprint unlock
• Dimensions: 369mm X 234mm X16.9mm; Weight: 1.7kg
• USB Type-C x 1, USB 3.0 (Type A) x 3, HDMI x 1
• WiFi 802.11 ac (2.4GHz and 5GHz) 2×2 MIMO, Bluetooth 5.0
• 3.5mm audio jack, microphone combo, Dolby Atmos
• 56Wh battery with 8.5 hours of battery life
8/512GB ကို ၆၉၉ ဒေါ်လာနဲ့ 16/512GB ကို ၇၂၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : fonearena

Honor MagicBook Pro 2019 Ryzen Edition ကို ကြေညာ

%d bloggers like this: