Asus ROG Phone II ကို ယူရို ၈၉၉ နဲ့ ကမ္ဘာအဝန်းမှာ ရောင်းပြီ

Asus က IFA 2019 မှာ ROG Phone II ကို ကမ္ဘာအဝန်းမှာ ရောင်းပြီလို့ ကြေညာလိုက်ပါတယ်။ 12GB/512GB ကို ယူရို ၈၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅ သိန်းစွန်းစွန်း ကျသင့်နိုင်ပါတယ်။ 1TB Storage ပါတဲ့ ROG Phone II Ultimate Edition ကို လာမယ့်လတွေအတွင်းမှာ ယူရို ၁၁၉၉ နဲ့ ရောင်းမှာပါ။

သူ့အတွက် Accessory များစွာ ထုတ်လုပ်ထားပြီး Game Developers များစွာနဲ့ ပူးပေါင်းထားပါတယ်။ သူ့မှာ ၆.၅၉ လက်မ AMOLED Screen ထည့်သွင်းထားပြီး 120Hz Refresh Rate အထိ ထောက်ပံ့ပါတယ်။ ဘက်ထရီ သက်သာစေဖို့ 60Hz နဲ့ 90Hz များကိုလည်း ပြောင်းသုံးနိုင်ပါတယ်။ 1080x2340p Resolution ဖြစ်ပြီး မျက်နှာပြင်အချိုးမှာ 19.5:9 ပါ။ 10-bit HDR ကို ထောက်ပံ့ပါတယ်။
မိုက်ကရိုဖုန်း လေးလုံး ပါတဲ့အတွက် ဖုန်းကို ဘယ်လို ကိုင်ထားကိုင်ထား အဆင်ပြေပါတယ်။ 24MP Front Camera ကို Landscape သုံးရင် ကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ အနောက်ဘက်မှာ 48MP Quad Bayer Main Camera, 13MP Ultra Wide-angle Camera များ ပါပါတယ်။ Snapdragon 855+ Chipset အသစ် ထည့်ထားပါတယ်။ အရွယ်ကြီး 6000mAh Battery ပါတဲ့အတွက် ဂိမ်းများကို အကြာကြီး ကစားနိုင်မှာပါ။ 12GB RAM ပါပြီး 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 30W ROG HyperCharge နဲ့ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ Quick Charge 4.0 လည်း ပါပါတယ်။

အပူလျှော့ချပေးတဲ့ နည်းပညာ ပါပါတယ်။ ဒုတိယမျိုးဆက် AeroActive Cooler II ထည့်ထားပါတယ်။ Cooler ကို Kickstand လိုလည်း သုံးနိုင်ပါတယ်။ သူ့အတွက် အကောင်းဆုံး Accessory က ROG Kunai Gamepad ပါ။ ဖုန်းကို အလျားလိုက်ထားပြီး ဘေးတစ်ဖက်တစ်ချက်မှာ Gamepad ကို တပ်ဆင် ကစားရမှာပါ။ ဒါ့အပြင် Gamepad ၂ ခုကို ဆက်ပြီး Wireless Gamepad လို သုံးနိုင်ပါတယ်။

Ref : gsmarena

Asus ROG Phone II ကို ယူရို ၈၉၉ နဲ့ ကမ္ဘာအဝန်းမှာ ရောင်းပြီ

%d bloggers like this: