တစ်ချိန်က ကမ္ဘာ့လူကြိုက်အများဆုံး RAZR V3 ခေါက်ဖုန်းကိုပြန်လည်ထုတ်လုပ်မယ့် Motorola

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကMotorola ရဲ့ RAZR ဖုန်းဟာ ဒီခေတ် iPhone လိုမျိုးနာမည်ကြီးလူကြိုက်များပြီး အားလုံးကိုစွဲမက်စေခဲ့ဖူးပါတယ်။ သင့်အနေနဲ့ ဒီလို Old School ဖုန်းဒီဇိုင်းတွေကို ပြန်လည်အသုံးပြုချင်နေမိပါသလား။ တစ်ချိန်တုန်းက ဖုန်းဒီဇိုင်းအမိုက်စားတွေနဲ့ နာမည်ကြီးခဲ့ဖူးတဲ့ Motorola ဟာ အရင်တုန်းကထုတ်လုပ်ဖူးတဲ့ RAZR V3 ခေါက်ဖုန်းကို နည်းပညာလောကထံ ပြန်လည်ယူဆောင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Lenovo ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Motorola ဟာ တစ်ချိန်က လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့ဖူးတဲ့ ဒီပစ္စည်းကို ဘယ်လို Update လုပ်မယ်လို့မှ မကြေငြာပဲ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Motorola အနေနဲ့ ဒီဖုန်းအတွက် ကြော်ငြာကို ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့က ထုတ်ပြန်ပေးခဲ့ပါတယ်။ Motorola ရဲ့ RAZR V3 ခေါက်ဖုန်းဟာ စတင်ထုတ်လုပ်တဲ့ ၂၀၀၄ခုနှစ်ကစတင်ပြီး သက်တမ်း ၄နှစ်အကြာအထိ အလုံးရေသန်းပေါင်း ၁၃၀လောက် ရောင်းချခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

motorola-razr2 motorola-razr6

ဒီဖုန်းကို လာမယ့်လကျရင် စတင်ထုတ်လုပ်တော့မှာဖြစ်ပြီး “RAZR ဟာ လွှမ်းမိုးမှုအား အကောင်းဆုံးဖုန်းတွေထဲက တစ်မျိုးလို့ဆိုရမှာဖြစ်ပြီး မိုဘိုင်းလ်ဖုန်းတွေအနေနဲ့ ဒီဇိုင်း၊ အပြောင်းအလဲ ဘယ်လိုရှိပြီး ဘယ်လိုစတိုင်ကျရမယ်ဆိုတာကို လမ်းပြသွားခဲ့ပါတယ်၊ Moto အနေနဲ့ RAZR ကို ထပ်မံထုတ်လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး ကျွန်မတို့အနေနဲ့ လာမယ့် ဇွန်လ၉ရက်နေ့ကျရင် မိုဘိုင်းလ်ကို ပြန်လည်ပြောင်းလဲတော့မှာပါ” လို့ Motorola ရဲ့ ကိုယ်စားလှယ် Kathryn Hanley ကပြောကြားခဲ့ပါတယ်။

motorola-razr5 motorola-razr4

နဂိုမူလ RAZR V3 ကို ၂၀၀၄ခုနှစ်မှာထုတ်လုပ်ခဲ့ပြီး ပါးလွှာပေါ့ပါးတဲ့ပုံစံ ပြိုင်ဘက်ကင်းဒီဇိုင်းတွေကြောင့် လူကြိုက်များတဲ့ဖုန်းအဖြစ် အလျင်အမြန်ရောက်ရှိခဲ့လို့ အဲ့ဒီအချိန်က iPhone လို့တောင်ပြောလို့ရပါတယ်။ ဒီဇိုင်းကိုအပြောင်းအလဲသိပ်မလုပ်ပဲ ထုတ်လုပ်မယ့်ဖုန်းဟာ ဖန်စီတစ်မျိုးအနေနဲ့ ပြန်လည်ထုတ်လုပ်မှာဖြစ်ပေမယ့် အရင်ကဒီဇိုင်းလေးတွေကို ပြန်လည်နှစ်သက်တဲ့ သူတွေအဖို့ ဒီဖုန်းတွေဟာ မေ့ထားလို့မရနိုင်တဲ့ ဖုန်းအမျိုးအစားတွေပါပဲ။

တစ်ချိန်ကကမ္ဘာ့အကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Motorola ကို ၂၀၁၄ခုနှစ်မှာ Google ထံကနေ နာမည်ကျော်တရုတ်နည်းပညာကုမ္ပဏီ Lenovo က ဒေါ်လာ သန်း ၃၀၀၀ နီးပါးနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ပေးခဲ့သော Motorola RAZR ရဲ့ကြော်ငြာဗီဒီယို

Ref: Techno Buffalo, TIME

 

 

%d bloggers like this: