Realme XT Pro မှာ 64MP Camera ပါလာမည်

Realme XT ကို တရုတ်မှာ ဒီလ ၂၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs တွေဟာလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူနဲ့အတူ Realme XT Pro ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Pro Model ရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

Realme XT Pro မှာ Realme XT မှာလို အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 64MP Main Camera ၁ လုံး ပါလာမှာ ဖြစ်ပါတယ်။ Snapdragon 730G SoC မောင်းနှင်ထားမှာပါ။ ၆.၄ လက်မ Samsung AMOLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး Full HD+ Resolution ဖြစ်ပါတယ်။ အရွယ်သေး Notch ပါလာမှာပါ။

သူ့မှာ 8GB RAM , 128GB Storage တွေ ပါလာမှာပါ။ ဒါပေမယ့် microSD Card Slot ပါမလားဆိုတာ မသိရသေးပါဘူး။ 32MP Selfie Camera နဲ့ 64MP+8MP+2MP+2MP Rear Cameras တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 30W Fast Charge ပါတဲ့ 4,000mAh Battery ပါလာမှာ ဖြစ်ပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။

Ref : gizmochina

Realme XT Pro မှာ 64MP Camera ပါလာမည်

%d bloggers like this: