iQOO Pro 5G Phone ေတြ ၄ နာရီအတြင္း အလံုးေရ ၂ သိန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့

Vivo iQOO Pro 5G ဟာ ၿပိဳင္ဖက္ 5G Phone ေတြထက္ ေစ်း အရမ္းသက္သာၿပီး မေၾကညာခင္ကတည္းက စာရင္းေပးသြင္းထားသူေတြ အရမ္းမ်ားေနတာပါ။ Vivo က စြမ္းရည္ျမင့္ iQOO Pro နဲ႔ iQOO Pro 5G ကို ၾသဂုတ္လ ေႏွာင္းပိုင္းက ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီလ ၂ ရက္ေန႔မွာေတာ့ တရုတ္မွာ စတင္ ေရာင္းခ်ေပးလိုက္ၿပီး ၄ နာရီအတြင္းမွာ အလံုးေရ ၂ သိန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။

iQOO Pro နဲ႔ iQOO Pro 5G မွာ 4G နဲ႔ 5G ပါတာကလြဲၿပီး အျခား အစိတ္အပိုင္းေတြက တူၾကပါတယ္။ iQOO ဟာ Vivo ရဲ႕ ဂိမ္း အသားေပး ဖုန္းေတြပါ။ အပူခ်ိန္ကို ခ်ိန္ညွိေပးတဲ့ Plate နဲ႔ Liquid Cooling နည္းပညာေတြ ထည့္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးနဲ႔ အေရွ႕မွာ ၁ လံုး ထည့္ထားပါတယ္။

အေနာက္ဘက္ဟာ 4D Curved Glass Design ျဖစ္ပါတယ္။ Game Space 2.0 က ရုပ္ထြက္ပိုေကာင္းေစပါတယ္။ 4D Vibration 3.0 က ဂိမ္းကစားရင္ အရမ္းမိုက္တဲ့ ခံစားမႈကို ေပးမွာပါ။ Halo Cool Lighting Effect 2.0 ပါၿပီး Lighting Effect Color , Mode , Frequency ေတြကို သင္ႏွစ္သက္သလို ခ်ိန္ညွိႏုိင္ပါတယ္။ 44W Fast Charging က အားသြင္းရင္ အရမ္းျမန္မွာပါ။ အနက္နဲ႔ အျပာေရာင္ထုတ္ထားပါတယ္။

iQOO Pro (4G) အတြက္ 8/128GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး ယြမ္ ၃,၁၉၈ နဲ႔ ၃,၄၉၈ အသီးသီး သတ္မွတ္ထားပါတယ္။ လက္ရွိေငြလဲလွယ္ႏႈန္းအရ ျမန္မာေငြ ၆၈၀,၀၀၀ နဲ႔ ၇၅၀,၀၀၀ ေလာက္ရွိပါတယ္။ iQOO Pro 5G အတြက္ 8/128GB , 8/256GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး ယြမ္ ၃,၇၉၈ ၊ ၃,၉၉၈ နဲ႔ ၄,၀၉၈ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈၁၀,၀၀၀ ၊ ၈၅၀,၀၀၀ နဲ႔ ၈၇၀,၀၀၀ ေလာက္ က်သင့္မွာပါ။

Vivo iQOO Pro and iQOO Pro 5G specifications

• 6.41-inch (1080 × 2340 pixels) Full HD+ Super AMOLED 19.5:9 aspect ratio display
• Octa-Core Snapdragon 855 Plus 7nm Mobile Platform (1 x 2.96GHz Kryo 485 + 3 x 2.42GHz Kryo 485 + 4x 1.80GHz Kryo 485) with Adreno 640 GPU
• 8GB RAM with 128GB / 256GB (UFS 3.0) internal memory, 12GB RAM with 128GB / 512GB (UFS 3.0) internal memory
• Dual SIM
• Android 9.0 (Pie) with Funtouch OS 9
• 48MP rear camera with 1/2.0″ Sony IMX582 sensor, 0.8μm pixel size, f/1.79 aperture, 13MP 120-degree ultra-wide lens with f/2.2 aperture, 2MP camera, f/2.4 aperture
• 12MP Dual Pixel front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5mm audio jack, AK4377A Hi-Fi DAC
• Dimensions: 158.77×75.73×9.325mm ; Weight: 215g (4G) / 217g (5G)
• 4G / 5G, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C 2.0, NFC
• 4500mAh (typical) / 4410mAh (minimum) battery with 44W ultra fast charging

Ref : gizmochina

[Unicode]

iQOO Pro 5G Phone တွေ ၄ နာရီအတွင်း အလုံးရေ ၂ သိန်းကျော် ရောင်းချနိုင်ခဲ့

Vivo iQOO Pro 5G ဟာ ပြိုင်ဖက် 5G Phone တွေထက် ဈေး အရမ်းသက်သာပြီး မကြေညာခင်ကတည်းက စာရင်းပေးသွင်းထားသူတွေ အရမ်းများနေတာပါ။ Vivo က စွမ်းရည်မြင့် iQOO Pro နဲ့ iQOO Pro 5G ကို သြဂုတ်လ နှောင်းပိုင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၂ ရက်နေ့မှာတော့ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပြီး ၄ နာရီအတွင်းမှာ အလုံးရေ ၂ သိန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

iQOO Pro နဲ့ iQOO Pro 5G မှာ 4G နဲ့ 5G ပါတာကလွဲပြီး အခြား အစိတ်အပိုင်းတွေက တူကြပါတယ်။ iQOO ဟာ Vivo ရဲ့ ဂိမ်း အသားပေး ဖုန်းတွေပါ။ အပူချိန်ကို ချိန်ညှိပေးတဲ့ Plate နဲ့ Liquid Cooling နည်းပညာတွေ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အရှေ့မှာ ၁ လုံး ထည့်ထားပါတယ်။

အနောက်ဘက်ဟာ 4D Curved Glass Design ဖြစ်ပါတယ်။ Game Space 2.0 က ရုပ်ထွက်ပိုကောင်းစေပါတယ်။ 4D Vibration 3.0 က ဂိမ်းကစားရင် အရမ်းမိုက်တဲ့ ခံစားမှုကို ပေးမှာပါ။ Halo Cool Lighting Effect 2.0 ပါပြီး Lighting Effect Color , Mode , Frequency တွေကို သင်နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။ 44W Fast Charging က အားသွင်းရင် အရမ်းမြန်မှာပါ။ အနက်နဲ့ အပြာရောင်ထုတ်ထားပါတယ်။

iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၁၉၈ နဲ့ ၃,၄၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ လက်ရှိငွေလဲလှယ်နှုန်းအရ မြန်မာငွေ ၆၈၀,၀၀၀ နဲ့ ၇၅၀,၀၀၀ လောက်ရှိပါတယ်။ iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၇၉၈ ၊ ၃,၉၉၈ နဲ့ ၄,၀၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၁၀,၀၀၀ ၊ ၈၅၀,၀၀၀ နဲ့ ၈၇၀,၀၀၀ လောက် ကျသင့်မှာပါ။

Vivo iQOO Pro and iQOO Pro 5G specifications

• 6.41-inch (1080 × 2340 pixels) Full HD+ Super AMOLED 19.5:9 aspect ratio display
• Octa-Core Snapdragon 855 Plus 7nm Mobile Platform (1 x 2.96GHz Kryo 485 + 3 x 2.42GHz Kryo 485 + 4x 1.80GHz Kryo 485) with Adreno 640 GPU
• 8GB RAM with 128GB / 256GB (UFS 3.0) internal memory, 12GB RAM with 128GB / 512GB (UFS 3.0) internal memory
• Dual SIM
• Android 9.0 (Pie) with Funtouch OS 9
• 48MP rear camera with 1/2.0″ Sony IMX582 sensor, 0.8μm pixel size, f/1.79 aperture, 13MP 120-degree ultra-wide lens with f/2.2 aperture, 2MP camera, f/2.4 aperture
• 12MP Dual Pixel front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5mm audio jack, AK4377A Hi-Fi DAC
• Dimensions: 158.77×75.73×9.325mm ; Weight: 215g (4G) / 217g (5G)
• 4G / 5G, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C 2.0, NFC
• 4500mAh (typical) / 4410mAh (minimum) battery with 44W ultra fast charging

Ref : gizmochina

%d bloggers like this: