Lenovo A6 Note ကို Flipkart မှာ စာရင်းတင်ထားပြီ

Lenovo က ဒီလ ၅ ရက်နေ့မှာ အိန္ဒိယတွင် စမတ်ဖုန်း ၃ လုံးကို ကြေညာတော့မှာပါ။ Lenovo Z6 Pro , K10 Note နဲ့ A6 Note တို့ ဖြစ်ပါတယ်။ အခုတော့ Flipkart က A6 Note ကို သူ့ရဲ့ အွန်လိုင်းစတိုးမှာ စာရင်းတင်လိုက်ပြီး အဓိက Specs တွေကို သိလာရပါတယ်။

A6 Note ရဲ့ ဓါတ်ပုံတွေကိုလည်း ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌက ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မျှဝေထားပါတယ်။ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာပါ။ အနက်ရောင်ရဲ့ အနောက်ကင်မရာ ပတ်လည်ကို ရွှေရောင်ကွင်းနဲ့ ဘောင်ခတ်ထားပြီး LED Flash ပါပါတယ်။ ၆.၀၉ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါလာမှာပါ။ Screen-to-body Ratio က ၈၈ ရာခိုင်နှုန်းဖြစ်ပြီး HD+ Resolution ဖြစ်ပါတယ်။
Helio P22 Octa-core Processor မောင်းနှင်ထားမှာဖြစ်ပါတယ်။ Flipkart မှာ RAM ပမာဏကို မဖော်ပြထားပေမယ့် Geekbench က 3GB ပါမယ်လို့ ဖော်ပြထားပါတယ်။ Storage ပမာဏကို မသိရသေးပါဘူး။ 256GB microSD Card စိုက်နိုင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာက 13MP ဖြစ်ပါတယ်။ Bokeh Effect အတွက် အပိုကင်မရာက 2MP ဖြစ်ပါတယ်။

အရှေ့ ကင်မရာက 5MP ဖြစ်ပြီး 1080p Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ AI Beauty , Whitening , Skin Smoothening , Face Reshaping, Eye Enlarger တွေ ပါလာမှာပါ။ ဝ.၃ စက္ကန့်အတွင်းမှာ Unlock လုပ်နိုင်တဲ့ Face Unlock လည်း ပါလာမှာပါ။

Ref : gizmochina

Lenovo A6 Note ကို Flipkart မှာ စာရင်းတင်ထားပြီ

%d bloggers like this: