အမျိုးသမီးတွေက အမျိုးသားတွေထက် စမတ်ဖုန်းတွေကိုပိုမိုစွဲလန်းကြောင်း လေ့လာတွေ့ရှိ

အမျိုးသမီးတွေရဲ့ စမတ်ဖုန်းသုံးစွဲမှုဟာ တစ်နေ့တာလုံးမှာ လေးနာရီနဲ့ အထက်ရှိပြီး ဖုန်းတွေအပေါ် စွဲလန်းမှုဟာ အမျိုးသားတွေထက်ပိုမိုတယ်လို့ ဒီခေါင်းစဉ်နဲ့ လေ့လာတဲ့ ပထမဆုံးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီလေ့လာချက်ကို တောင်ကိုးရီးယားနိုင်ငံကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဆာဗေးမှာ လေ့လာခဲ့တဲ့ အမျိုးသမီး စုစုပေါင်းရဲ့ ၅၂ရာခိုင်နှုန်းဟာ သူတို့ရဲ့စမတ်ဖုန်းတွေကို တစ်ရက်မှာလေးနာရီနဲ့ အထက်သုံးစွဲတာကို တွေ့ရပြီး အမျိုးသားတွေထက် ၂၉.၄ ရာခိုင်နှုန်း ပိုမိုများပြားတာဖြစ်တယ်လို့ Korea Time သတင်းစာက တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။

ဒီလေ့လာချက်ကို တောင်ကိုးရီးယားနိုင်ငံ၊ Ajou တက္ကသိုလ်၊ ပါမောက္ခချန်ဂျေးယွန် ကဦးဆောင်ပြီးတော့ ဆူဝန်းမှာရှိတဲ့ ကောလိပ်ခြောက်ခုက ကျောင်းသား ၁၂၃၆ယောက်ကို အခြေပြုပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ အပျိုဖော်ဝင်စအရွယ်လေးတွေဟာ တူညီတဲ့ရလဒ်တွေကိုပိုမိုတွေ့ရပါတယ်။ မိန်းကလေးတွေဟာ သူတို့ရဲ့ဖုန်းတွေပေါ်မှာ အချိန်ပိုပေးတာကိုလည်း တွေ့ပါတယ်” လို့ ပြည်သူ့ကျန်းမာရေး ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

teens_mobile_ap_109

လေ့လာချက်အရ အမျိုးသမီးတွေဟာ သူတို့ရဲ့စမတ်ဖုန်းတွေကို Facebook, Instagram တို့လို လူမှုကွန်ယက်မီဒီယာတွေကို အဓိကအသုံးပြုကြတာဖြစ်ပြီး အဲ့ဒါပြီးရင်တော့ ဖုန်းခေါ်တာ၊ ဂိမ်းနဲ့ ရှာဖွေတာတွေအတွက် အသုံးပြုကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် အမျိုးသမီးငါးယောက်မှာတစ်ယောက် (၂၀.၁ ရာခိုင်နှုန်း) ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေကို အသုံးမပြုရရင် နေလို့ထိုင်လို့မကောင်းတာကိုတွေ့ခဲ့ရပြီး အမျိုးသားတွေကတော့ ၈.၉ရာခိုင်နှုန်း ကသာ အဆိုပါခံစားချက်ကို ခံစားရတာဖြစ်ပါတယ်။

ဒီလိုဖြစ်လာတာနဲ့အညီ၊ သူတို့ရဲ့စမတ်ဖုန်းတွေအပေါ် သုံးစွဲမှုတွေကြောင့် သာမန်ကျန်းမာရေး၊ လေ့ကျင့်ခန်းအလှုပ်အရှားတွေ လျော့နည်းလာတာဖြစ်တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ “အမျိုးသမီးတွေရဲ့ ကွန်ယက်ချိတ်ဆက်၊ ဆက်သွယ်မှုတွေအပေါ်မှီခိုမှုဟာ အမျိုးသားတွေထက် ပိုမိုကြီးမားတာကိုတွေ့ရပြီး ဒါဟာ သူတို့ကို စမတ်ဖုန်းတွေကတစ်ဆင့် လူမှုကွန်ယက်ဝန်ဆောင်မှု တွေကိုသုံးစွဲဖို့ တွန်းအားတွေပိုဖြစ်လာတယ်” လို့ လေ့လာချက်ရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။

Ref: Gadgets360

%d bloggers like this: