Samsung က စွမ်းရည်မြင့် Galaxy S Series မဟုတ်တဲ့ 5G Phone ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေ မကြာခင်က ထွက်ခဲ့ပါတယ်။ အဲဒီ ဖုန်းက Galaxy A90 5G ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ တရားဝင်လို့ ထင်ရတဲ့ ပိုစတာ ၁ ခုထွက်ပေါ်လာပါတယ်။ ပိုစတာမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို မြင်ရပါတယ်။ သူ့မှာ Infinity Display ပါပြီး Waterdrop Notch ထည့်ထားပါတယ်။ မျက်နှာပြင် ဧရိယာ အချိုးက မြင့်မားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ကင်မရာတွေအောက်မှာ LED Flash ပါပါတယ်။
OnLeaks က Galaxy A90 ကို 5G ပါတဲ့ မော်ဒယ်နဲ့ 5G မပါတဲ့ မော်ဒယ် ဆိုပြီး ၂ မျိုးထုတ်လုပ်ထားမယ်လို့ ပြောထားပါတယ်။ မော်ဒယ် နှစ်ခုစလုံးမှာ Snapdragon 855 Chipset ပါလာမှာပါ။ ၆.၇ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာ ဖြစ်ပါတယ်။
ဖုန်း နှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 5G Model မှာ 48MP နဲ့အတူ 8MP, 5MP Camera များ ပါလာမှာ ဖြစ်ပါတယ်။ 5G မဟုတ်တဲ့ မော်ဒယ်မှာ 12MP , 5MP Camera များပါလာမှာ ဖြစ်ပါတယ်။ Ice Universe က အဲဒီ စမတ်ဖုန်းမှာ 45W Fast Charging ပါမယ်လို့ ပြောပါတယ်။ စွမ်းရည်မြင့် Galaxy S10 5G မှာပါတဲ့ 25W Super Fast Charging ထက် ပိုမြန်လာမှာ ဖြစ်ပါတယ်။
Ref : gizmochina
Samsung Galaxy A90 5G ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ
You must log in to post a comment.