စက်တင်ဘာလ ၂၀ မှာ ရောင်းမယ့် iPhone 11 Series တွေ

Apple က iPhone 11 Series တွေကို စက်တင်ဘာလ ၁၀ ရက်မှာ ကြေညာဖို့ ဖိတ်စာတွေ ဝေငှထားပါတယ်။ အခုတော့ အဲဒီ ဖုန်းတွေကို စက်တင်ဘာလ ၁၃ ရက်မှာ ကြိုတင်မှာယူခွင့်ပြုမှာ ဖြစ်ပြီး ၂၀ ရက်မှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ Apple က ဒီသတင်းကို တရားဝင် မပြောသေးပေမယ့် နှစ်တိုင်း ကုမ္ပဏီက အဲဒီနေ့တွေကို ရွေးချယ်နေကျ ဖြစ်ပါတယ်။

iPhone 11 Series တွေရဲ့ သတင်းတွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max ဆိုပြီး မော်ဒယ် ၃ ခု ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Apple အရေးကျွမ်းကျင်တဲ့ Ming-Chi Kuo က ဒီနှစ်မှာ ထုတ်မယ့် အိုင်ဖုန်း သုံးလုံးရဲ့ အရွယ်အစားဟာ ယခင်နှစ်ထုတ် အိုင်ဖုန်းများနဲ့ တူညီမယ်လို့ ပြောထားပါတယ်။ အိုင်ဖုန်း အသစ်သုံးလုံးစလုံးမှာ OLED Screen များကို အသုံးပြုထားမယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။ ယခင်နှစ်ထုတ် iPhone XR မှာတော့ LCD Screen ကို သုံးထားတာပါ။ OLED များဟာ အရောင်များ ပိုမို ကောင်းမွန်ပြီး အနက်ရောင်များကလည်း ပိုထင်ရှားပါတယ်။ LCD ထက် Contrast လည်း ပိုကောင်းပါတယ်။

iPhone 11 မှာ စွမ်းရည်အသစ်များ ပါလာမှာ ဖြစ်ပါတယ်။ အဲဒီအထဲက တစ်ခုက iPhone 11 က Bluetooth Accessory ၂ ခုကို တစ်ပြိုင်နက် Audio ထုတ်လွှင့်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Samsung က သူ့ဖုန်းများမှာ Dual Audio အမည်နဲ့ ထည့်သွင်းပေးထားပါတယ်။ ဖုန်းက သီချင်းဖွင့်ရင် Bluetooth Device ၂ ခုသို့ တစ်ပြိုင်နက် အသံထုတ်လွှင့်ပေးနိုင်ပါတယ်။
အနောက် ကင်မရာ ၃ လုံးပါတဲ့ iPhone 11 ရဲ့ ဓါတ်ပုံထွက်ပေါ်လာခဲ့ဖူးပါတယ်။ ကင်မရာများဟာ အနည်းငယ် ငေါထွက်နေတာကို မြင်ရပါတယ်။ ဈေးကွက်ထဲက စမတ်ဖုန်းများထဲမှာ အနောက်ကိုယ်ထည် မျက်နှာပြင်ကနေ ငေါအထွက်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ LED Flash Array ကလည်း အလွန်ကို ကြီးမားပါတယ်။ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ၅.၈ လက်မ မျက်နှာပြင်က iPhone X , iPhone XS များနဲ့ တူညီပါတယ်။

iPhone 11 ဟာ အခြား Device များကို ကြိုးမဲ့အားသွင်းပေးနိုင်မယ်လို့ ဂျပန်မှ Macotakara Website က သတင်းပေးထားပါတယ်။ ဒီလိုစွမ်းရည်မျိုးကို Huawei နဲ့ Samsung က သူတို့ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အိုင်ဖုန်း အသစ်မှာ ကင်မရာနဲ့ ဘက်ထရီများကို အဆင့်မြှင့်ထားမယ်လို့ ပြောပါတယ်။

မကြာခင်ကလည်း iPhone 11 ဟာ မျက်နှာမှ သွေးကြောများကို အာရုံခံပြီး ဖုန်းကို Unlock လုပ်ပေးနိုင်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ iPhone 11 မှာဒီနည်းပညာပါမယ် ဆိုရင် သူဟာ ပထမဆုံးတော့ မဟုတ်သေးပါဘူး။ The Wall Street Journal က ဒီနှစ်ထုတ် စွမ်းရည်မြင့် iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ပါလာမယ်လို့ ပြီးခဲ့တဲ့လက ပြောပါတယ်။ iPhone XR ရဲ့ မျိုးဆက်မှာ အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

စက်တင်ဘာလ ၂၀ မှာ ရောင်းမယ့် iPhone 11 Series တွေ

%d bloggers like this: