Samsung က 256GB Storage ပါတဲ့ ဈေးသက်သာတဲ့ Galaxy Fold ကို ဖန်တီးနေလို့ ဆို

Galaxy Fold ကို ရောင်းချတော့မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဒေါ်လာ ၂၀၀၀ လောက်ရှိတဲ့အတွက် ဈေးအရမ်းကြီးပါတယ်။ အခုတော့ Samsung က 256GB Storage ပါတဲ့ ဈေးသက်သာတဲ့ Galaxy Fold ကို ဖန်တီးနေလို့ သတင်းထွက်လာပါတယ်။

SamMobile က တန်ဖိုးနည်း Galaxy Fold ရဲ့ မော်ဒယ်နံပါတ်ဟာ SM-F700F ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ Galaxy Fold ကတော့ SM-F900F ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အခြား Specs အများစုက တူညီကြမှာ ဖြစ်ပါတယ်။ ခေါက်ချိုး စမတ်ဖုန်းတွေဟာ ဈေးကြီးမြင့်နေပါသေးတယ်။ စွမ်းရည်မြင့် Galaxy Note 10+ တောင် ဒေါ်လာ ၁၁၀၀ လောက်နဲ့ 5G Model ဟာ ဒေါ်လာ ၁၃၀၀ ပဲရှိပါတယ်။

နည်းပညာ ပြဿနာတွေကြောင့် ရောင်းချဖို့ နောက်ဆုတ်ထားတဲ့ Galaxy Fold ကို စက်တင်ဘာလမှာ ရောင်းမယ်လို့ Samsung က ပြောထားပေမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ မကြာခင်က Samsung China က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy Fold ကို ကြိုတင်စာရင်းပေးသွင်းခွင့် ပြုလုပ်ပေးလိုက်ပါတယ်။

Samsung က ပြောင်းလဲထားတဲ့ ဖုန်း ဒီဇိုင်းကိုလည်း ရှင်းပြထားပါတယ်။ ဒီဇိုင်း အသစ်ကိုလည်း သေချာစွာ စမ်းသပ်ပြီးပြီလို့ ပြောပါတယ်။ Galaxy Fold မှာ ဒီဇိုင်းအပိုင်းကိုသာ ပြင်ဆင်ထားတာ ဖြစ်ပြီး အခြား Specs များက အရင် ကြေညာထားတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ ဈေးကလည်း အရင် ကြေညာထားသလို ဒေါ်လာ ၁၉၈၀ ပဲလို့ ကုမ္ပဏီက ပြောပါတယ်။ စက်တင်ဘာလကတော့ ပွဲဆူတော့မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီလမှာ Galaxy Fold ရဲ့ ပြိုင်ဖက် Huawei Mate X ကိုလည်း ရောင်းချမှာပါ။ ဒါ့အပြင် နှစ်တိုင်း ပွဲဆူစေတဲ့ iPhone အသစ်များကို ကြေညာမှာလည်း ဖြစ်ပါတယ်။

Ref : androidpolice

Samsung က 256GB Storage ပါတဲ့ ဈေးသက်သာတဲ့ Galaxy Fold ကို ဖန်တီးနေလို့ ဆို

%d bloggers like this: