Vivo NEX 3 5G မှာ 120W Charging , 64MP Camera ပါမည်

Vivo NEX 3 5G ကို တရားဝင် မကြေညာသေးပေမယ့် YouTuber ၁ ယောက်က သူ့ကို Unboxing လုပ်ထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေထားပါတယ်။ သူ့မှာ 120W Charging , 64MP Camera ပါမယ်လို့ သိရပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှာ ပါဝါနဲ့ အသံခလုတ်တွေအတွက် ဖိအား အာရုံခံနိုင်တဲ့ Virtual Button တွေ ထည့်ထားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားပြီး 64MP Main Camera ပါမယ်လို့ သတင်းထွက်နေပါတယ်။ အရှေ့ဘက်မှာ Notch မပါဘဲ Vivo NEX မှာလို Pop-up Camera ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာ မြှပ်နှံထားမယ်လို့လည်း သတင်းထွက်နေပါတယ်။

Vivo NEX 3 မှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး 99.6 Percent Screen-To-Body Ratio ဖြစ်တဲ့အတွက် တကယ့်ကို ဘောင်ပျောက် ဒီဇိုင်းဖြစ်ပါတယ်။ သူ့မှာ Waterfall Screen Design ကို အသုံးပြုထားတဲ့အတွက် Screen-To-Body Ratio က ဒီလောက်မြင့်မားတာ ဖြစ်ပါတယ်။ သူ့မှာ Snapdragon 855+ ထည့်သွင်းထားနိုင်ပါတယ်။ သူ့ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပေမယ့် ရက်အတိအကျကို မသိရသေးပါဘူး။ လလယ်လောက်မှာ ကြေညာနိုင်ပါတယ်။

Vivo က NEX Series ကနေ ထူးခြားဆန်းသစ်တဲ့ Devices တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ Vivo NEX ဟာ Pop-up Camera ပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း ဖြစ်ပြီး Vivo NEX 2 မှာ မျက်နှာပြင် ၂ ခု ပါလာပါတယ်။ ကုမ္ပဏီက နောက်မျိုးဆက် Vivo NEX 3 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Ref : androidpolice

Vivo NEX 3 5G မှာ 120W Charging , 64MP Camera ပါမည်

%d bloggers like this: