တရုတ်မှာ ဈေးအသက်သာဆုံး 5G Smartphone ဖြစ်လာမယ့် Xiaomi Mi 9S 5G

လက်ရှိ တရုတ်မှာ ဈေးအသက်သာဆုံး 5G Smartphone က Vivo iQOO Pro 5G ဖြစ်ပါတယ်။ အခုတော့ Xiaomi က သူ့ထက် ဈေးသက်သာတဲ့ Mi 9S 5G ကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ 12GB RAM နဲ့ 512GB Storage ပါလာနိုင်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 855+ Chipset ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။ အနောက်ကင်မရာတွေထဲမှာ 48MP ပါဝင်ပါတယ်။ 4,000mAh Battery ပါလာနိုင်ပါတယ်။ Xiaomi Mi 9S 5G ဟာ ဒေါ်လာ ၅၀၀ လောက်သာ ရှိနိုင်ပါတယ်။

Vio iQOO Pro 5G ကတော့ တရုတ်မှာ ရောင်းအား လန်းနေပါတယ်။ တရုတ်က နာမည်ကြီး အရောင်းဆိုင်ဖြစ်တဲ့ Tmall က ပထမအသုတ် ရောင်းချမှုမှာ စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ သူဟာ Tmall ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာပြီး အခြား စမတ်ဖုန်းတွေရဲ့ ရောင်းအားထက် ၄၄၅ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ Tmall က ပြောပါတယ်။

Vivo iQOO Pro 5G ဟာ ပြိုင်ဖက် 5G Phone တွေထက် ဈေး အရမ်းသက်သာပြီး မကြေညာခင်ကတည်းက စာရင်းပေးသွင်းထားသူတွေ အရမ်းများနေတာပါ။ မကြာခင်ကလည်း တရုတ် နာမည်ကြီး စတိုးဆိုင် Suning က သူ့ကို ကြိုတင်မှာယူခွင့်ပြုလိုက်တဲ့ အခါမှာ ၁ စက္ကန့်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ ပြောပါတယ်။

Ref : gizmochina

တရုတ်မှာ ဈေးအသက်သာဆုံး 5G Smartphone ဖြစ်လာမယ့် Xiaomi Mi 9S 5G

%d bloggers like this: