Ref : gsmarena
[Unicode]
LG Q70 ဟာ LG ရဲ့ Punch-hole Selfie Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်မည်
LG က Q70 ကို ကြေညာဖို့ရှိနေပါတယ်။ သူဟာ LG ရဲ့ Punch-hole Selfie Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။ LG ကတော့ Hole-in Display လို့ နာမည်ပေးထားပါတယ်။ Q70 မှာ ၆.၄ လက်မ Full HD+ Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP Camera ကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 32MP Main , 13MP Ultrawide နဲ့ 5MP Depth Sensor တွေ ပါပါတယ်။
Q70 မှာ Snapdragon 675 Chipset ထည့်သွင်းထားပြီး 4GB RAM , 64GB Storage တွေ ပါပါတယ်။ microSD Card Slot လည်း ပါပါတယ်။ စွမ်းဆောင်ရည်သင့် Chipset ထည့်သွင်းထားပြီး V50 ThinQ နဲ့ G8 ThinQ တွေလို စွမ်းရည်မြင့် ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ IP68 Rating ရှိပါတယ်။ 32-bit Quad DAC Audio , DTS:X 3D Stereo Sound နဲ့ စစ်တပ်အဆင့် မာကျောကြံ့ခိုင်မှုတွေ ရှိပါတယ်။ 4,000mAh Battery မှာ Quick Charge 3.0 ပါပါတယ်။
ကိုရီးယား ဝမ် ၅၄၈၉၀၀ သတ်မှတ်ထားပြီး ၄၅၀ ဒေါ်လာ ရှိပါတယ်။ ကိုရီးယားမှာ အစောဆုံး ရောင်းချမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အခြားနိုင်ငံတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘာလင်မှာ ကျင်းပမယ့် IFA 2019 မှာ မြင်ရတော့မှာပါ။
Ref : gsmarena
%d bloggers like this: