HUAWEI nova မော်ဒယ်အသစ်အား မကြာမီအချိန်အတွင်း မြန်မာပြည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာမည်ဖြစ်

၂၀၁၆ ခုနှစ်တွင် ဦးစွာပထမ မိတ်ဆက်ခဲ့သော HUAWEI nova စီးရီးသည် လှပကျော့ရှင်းသည့် ဒီဇိုင်း ၊ အဆင့်မြင့်မားသည့် လုပ်ဆောင်ချက် နှင့် ကင်မရာ များကြောင့် စတင်မိတ်ဆက်သည့် အချိန်ကတည်းကပင် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။ လွန်ခဲ့သည့် ၃ နှစ် ကတည်းကပင် HUAWEI သည် မရေတွက်နိုင်သော လူငယ်များကြား တစ်နေ့တစ်ခြား အောင်မြင်မှု ကြီးထွားလာခဲ့သည်။

လူငယ်များသည် ၎င်းတို့၏ ဖြစ်တည်မှုကို ပုံဖော်နိုင်ပြီး လူအများကြားတွင် ဝင့်ကြွားနိုင်သော ဈေးနှုန်းသင့်တင့်သည့် စမတ်ဖုန်း ၊ လုပ်ဆောင်ချက် ကောင်းမွန်သည့် စမတ်ဖုန်း ၊ ၎င်းတို့၏ လူနေမှု ဘဝတွင် အထောက်အကူ ပြုပေးနိုင်သော စမတ်ဖုန်း နှင့် လှပသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည့် စမတ်ဖုန်းများအား  လိုလားလျှက်ရှိပြီး HUAWEI nova series များသည် လူငယ်များ လိုအပ်လျှက်ရှိသည့် ကွက်လပ်များအား  စဉ်ဆက်မပြတ်လေ့လာဖြည့်ဆည်းပေးလျှက်ရှိသည်။

nova စီးရီး၏ နောက်ဆုံး ထွက်ရှိထားသည့် nova 4 တွင်လည်း 48 MP main camera ၊ 16 MP ultra-wide angle lens နှင့် 2MP depth sensor များပါဝင်သည့် အနောက်ကင်မရာ ၃ လုံး တို့နှင့်အတူထွက်ရှိလာခဲ့ပြီး အလယ်အလတ်တန်းစား စမတ်ဖုန်းဈေးကွက်တွင် 48MP ပါဝင်သည့် ပထမဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့သည်။ ၎င်းတွင်ပါဝင်သည့် အင်အားကြီးမားသည့် AI ကြောင့် ရှုခင်းပုံများအား ရိုက်ကူးသည့် အချိန်တွင်ဖြစ်စေ ၊ လူပုံရိပ်များ ရိုက်ကူးသည့် အချိန်တွင် ဖြစ်စေ အကောင်းဆုံး အနေအထားတစ်ခု၌ ရိုက်ကူးပုံဖော်စေနိုင်မည်ဖြစ်သည်။ ထို့အပြင် HUAWEI nova မော်ဒယ်စီးရီးများ၏ ခေတ်ရှေ့ပြေးသည့် selfie ကင်မရာများကြောင့်လည်း လူငယ်များ၏ ကြိုက်နှစ်သက်မှုအား ခံရလျှက်ရှိသည့် စီးရီးတစ်ခုဖြစ်သည်။

ထူးခြားဆန်းသစ်သည့်ကင်မရာ ၊ လှပကျော့ရှင်းသည့် ဒီဇိုင်း ၊ ခေတ်ရှေ့ပြေးသည့် နည်းပညာ များဖြင့် နာမည်ကျော်ကြားလျှက်ရှိသည့် nova series ၏ မျိုးဆက်သစ်တစ်ခု သည် မြန်မာပြည်ဈေးကွက်အတွင်းသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

အဆိုပါ nova series အသစ်တွင် ပိုမိုထူးခြားဆန်းသစ်သည့် လုပ်ဆောင်ချက် ၊ ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း နှင့် ပိုမိုလှပသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည့် ကင်မရာများ ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ nova စီးရီး အသစ်တွင် Android အခြေပြုထားသည့် Operating System ပါဝင်လာမည်ဖြစ်ပြီး Google Service များလည်း ပါဝင်ဦးမည်ဖြစ်သည်။

အဆိုပါ nova စီးရီးအသစ်အား စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာပြည် ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

#Huaweimyanmar

%d bloggers like this: