ပြီးခဲ့တဲ့ တစ်ပတ်က Lenovo က စက်တင်ဘာလ ၅ ရက်မှာ Note Series အသစ်တွေကို ကြေညာမယ့် ပွဲအတွက် ဖိတ်စာတွေ ဝေခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက K10 Note နဲ့ A6 Note ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Lenovo က ဧပြီလတုန်းကလည်း Qualcomm Snapdragon 855 Chipset ထည့်ထားတဲ့ Z6 Pro ကို ကြေညာခဲ့ပါတယ်။
Lenovo ရဲ့ ဖိတ်စာအရ K10 Note မှာ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာပါ။ အနက်နဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ A6 Note မှာတော့ အနောက်ကင်မရာ ၂ လုံး ထည့်ထားမှာဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Android Enterprise Listing အရ အရှေ့ဘက်မှာ Notched Display ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားမှာ ၆.၁ လက်မ ဖြစ်ပါတယ်။
Listing အရ သူ့မှာ Android Pie မောင်းနှင်ထားမှာ ဖြစ်ပြီး 2GB RAM ပါလာမှာဖြစ်ပါတယ်။ 32GB Internal Storage အထိ ရွေးချယ်နိုင်ပါတယ်။ Geekbench မှာ ဖော်ပြထားချက်သာ မှန်မယ် ဆိုရင် သူ့မှာ Helio P22 SoC မောင်းနှင်ထားနိုင်ပါတယ်။
Ref : gsmarena
Lenovo K10 Note နဲ့ A6 Note ကို စက်တင်ဘာလ ၅ ရက်မှာ ကြေညာမည်