OnePlus TV မှာ Software Update ကို အနည်းဆုံး ၃ နှစ်ရမည်

OnePlus CEO Pete Lau က သူ့ရဲ့ OnePlus TV မှာ Android TV Software Update ကို အနည်းဆုံး ၃ နှစ်ရမယ်လို့ ကြေညာလိုက်ပါတယ်။ Android TV အတွက် ဒီလောက်ကြာအောင် Update ပေးတာ OnePlus က ပထမဆုံး ဖြစ်ပြီး ဒါဟာ ကောင်းတဲ့ အချက်ပါ။

OnePlus TV မှာ ၅၅ လက်မ QLED Display ပါမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ HDR Panel, Bluetooth Remote နဲ့ AI Assistant တွေ ပါလာနိုင်ပါတယ်။ OnePlus ရဲ့ စီအီးအို Pete Lau က OnePlus TV ကို စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး အိန္ဒိယမှာ အစောဆုံး ရောင်းမယ်လို့ Business Insider နဲ့ အင်တာဗျူး ၁ ခုမှာ ပြောခဲ့ပါတယ်။ OnePlus 7T နဲ့ 7T Pro တို့ကို အိန္ဒိယမှာ နောက်လ ၂၆ ရက်မှာ ကြေညာမှာ ဖြစ်တဲ့ အတွက် အဲဒီနေ့မှာ တီဗီကိုပါ မိတ်ဆက်နိုင်ပါတယ်။

Pete Lau က သူ့ရဲ့ တီဗီမှာ ရုပ်ထွက်နဲ့ အသံအရည်အသွေး ကောင်းအောင် အဓိက ဖန်တီးထားမယ်လို့ ပြောထားပါတယ်။ OLED ကို မသုံးဘဲ QLED Display ကို အသုံးပြုထားမှာပါ။ သူက OLED ဟာ ဈေးကြီးပေမယ့် အဲဒီ ၂ ခုဟာ အရည်အသွေး မကွာဘူးလို့ ပြောပါတယ်။ OnePlus TV မှာ Android TV OS မောင်းနှင်ထားပေမယ့် Customized Version ဖြစ်ပါတယ်။ Pete Lau က အဲဒီ တီဗီကို တရုတ်၊ ဥရောပနဲ့ အမေရိကန်မှာပါ ရောင်းမယ်လို့ ပြောပါတယ်။

OnePlus TV ရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ မကြာခင်က ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ လျှို့ဝှက်နာမည်မှာ Dosa ဖြစ်ပြီး MediaTek MT5670 SoC နဲ့ Mali-G51 GPU ထည့်သွင်းထားမှာပါ။ 3GB RAM , Android 9 Pie Software ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

OnePlus TV မှာ Software Update ကို အနည်းဆုံး ၃ နှစ်ရမည်

%d bloggers like this: