Apple က စက္တင္ဘာလ ၁၀ ရက္မွာ iPhone အသစ္ေတြကို ေၾကညာမယ္လို႔ အတည္ျပဳ

Apple က ကယ္လီဖိုးနီးယား ျပည္နယ္ Cupertino ရွိ ရံုးခ်ဳပ္မွ Steve Jobs Theater မွာ စက္တင္ဘာလ ၁၀ ရက္ေန႔တြင္ iPhone အသစ္ေတြကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ကုမၸဏီက ဖိတ္စာေတြကိုလည္း ေ၀ငွလိုက္ပါတယ္။ ဖိတ္စာမွာ By innovation only လို႔ ေရးသားထားတဲ့အတြက္ iPhone အသစ္ေတြမွာ ပါလာမယ့္ ထူးျခားဆန္းသစ္မႈေတြကို ရင္ခုန္ေစာင့္စားရေတာ့မွာ ျဖစ္ပါတယ္။

Citi Research က iPhone 11 မွာ Apple Pencil ကို တြဲဖက္ သံုးႏိုင္မယ္လို႔ ေျပာထားပါတယ္။ Citi Research က iPhone 11 ေတြရဲ႕ ေစ်းဟာ အရင္ႏွစ္ ေမာ္ဒယ္ေတြနဲ႔ တူမယ္လို႔လည္း ေျပာပါတယ္။ အဲဒီအတြက္ iPhone XR ရဲ႕ မ်ိဳးဆက္ကို ၇၄၉ ေဒၚလာ သတ္မွတ္ထားႏိုင္ပါတယ္။ ေစ်းအႀကီးဆံုးက iPhone XS Max ရဲ႕ မ်ိဳးဆက္ ျဖစ္ၿပီး ၁၀၉၉ ေဒၚလာနဲ႔အထက္ ရွိႏိုင္ပါတယ္။ iPhone XS ရဲ႕ မ်ိဳးဆက္ကို ၉၉၉ ေဒၚလာ သတ္မွတ္ထားႏုိင္ပါတယ္။

iPhone 11 Series ေတြမွာ USB-C Charger ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီသတင္းသာ မွန္မယ္ ဆိုရင္ iPhones ေတြမွာ Fast Charger ကို သံုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ၂၀၁၉ ခုႏွစ္ထုတ္ iPhone မ်ားမွာ ပိုအဆင့္ျမင့္တဲ့ Face ID Camera ပါလာမယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။ Kuo က ပတ္၀န္းက်င္မွ အလင္းေရာင္ က်ေရာက္တဲ့အခါမွာ လူ႔ရဲ႕ မ်က္ႏွာကို ေကာင္းစြာ အာရံုခံႏိုင္တဲ့ ဆန္ဆာ အသစ္ကို သံုးထားျခင္းျဖင့္ Face ID လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေအာင္ ဖန္တီးထားမယ္လို႔ ေျပာပါတယ္။

ယခင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ iPhone X ရဲ႕ Face ID ဟာ မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာဖို႔ အတြက္ အနီေအာက္ေရာင္ျခည္ေပါင္း ၃၀ ၀၀၀ ေက်ာ္ကို အသံုးျပဳပါတယ္။ အဲဒီနည္းပညာဟာ အေမွာင္ထဲမွာေတာင္ ေကာင္းစြာ အလုပ္လုပ္ေပမယ့္ ေတာက္ပတဲ့ ေနေရာင္ေအာက္မွာေတာ့ သိပ္ၿပီး တိက်မႈ မရွိပါဘူး။ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာေတာ့ ဒီျပႆနာမ်ားကို ေျဖရွင္းႏုိင္မွာပါ။

Ref : gsmarena

[Unicode]

Apple က စက်တင်ဘာလ ၁၀ ရက်မှာ iPhone အသစ်တွေကို ကြေညာမယ်လို့ အတည်ပြု

Apple က ကယ်လီဖိုးနီးယား ပြည်နယ် Cupertino ရှိ ရုံးချုပ်မှ Steve Jobs Theater မှာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် iPhone အသစ်တွေကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက ဖိတ်စာတွေကိုလည်း ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာ By innovation only လို့ ရေးသားထားတဲ့အတွက် iPhone အသစ်တွေမှာ ပါလာမယ့် ထူးခြားဆန်းသစ်မှုတွေကို ရင်ခုန်စောင့်စားရတော့မှာ ဖြစ်ပါတယ်။

Citi Research က iPhone 11 မှာ Apple Pencil ကို တွဲဖက် သုံးနိုင်မယ်လို့ ပြောထားပါတယ်။ Citi Research က iPhone 11 တွေရဲ့ ဈေးဟာ အရင်နှစ် မော်ဒယ်တွေနဲ့ တူမယ်လို့လည်း ပြောပါတယ်။ အဲဒီအတွက် iPhone XR ရဲ့ မျိုးဆက်ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။ ဈေးအကြီးဆုံးက iPhone XS Max ရဲ့ မျိုးဆက် ဖြစ်ပြီး ၁၀၉၉ ဒေါ်လာနဲ့အထက် ရှိနိုင်ပါတယ်။ iPhone XS ရဲ့ မျိုးဆက်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။

iPhone 11 Series တွေမှာ USB-C Charger ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းသာ မှန်မယ် ဆိုရင် iPhones တွေမှာ Fast Charger ကို သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ၂၀၁၉ ခုနှစ်ထုတ် iPhone များမှာ ပိုအဆင့်မြင့်တဲ့ Face ID Camera ပါလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ Kuo က ပတ်ဝန်းကျင်မှ အလင်းရောင် ကျရောက်တဲ့အခါမှာ လူ့ရဲ့ မျက်နှာကို ကောင်းစွာ အာရုံခံနိုင်တဲ့ ဆန်ဆာ အသစ်ကို သုံးထားခြင်းဖြင့် Face ID လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဖန်တီးထားမယ်လို့ ပြောပါတယ်။

ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone X ရဲ့ Face ID ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် အနီအောက်ရောင်ခြည်ပေါင်း ၃၀ ၀၀၀ ကျော်ကို အသုံးပြုပါတယ်။ အဲဒီနည်းပညာဟာ အမှောင်ထဲမှာတောင် ကောင်းစွာ အလုပ်လုပ်ပေမယ့် တောက်ပတဲ့ နေရောင်အောက်မှာတော့ သိပ်ပြီး တိကျမှု မရှိပါဘူး။ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာတော့ ဒီပြဿနာများကို ဖြေရှင်းနိုင်မှာပါ။

Ref : gsmarena

%d bloggers like this: