မေလက ကြေညာခဲ့တဲ့ RedmiBook 14 ကို အဆင့်မြှင့်ထားတဲ့ RedmiBook 14 Enhanced Edition or RedmiBook 14 Pro ကို ကြေညာလိုက်ပါတယ်။ တူညီတဲ့ ၁၄ လက်မ Full HD Display , 81.2% Screen-To-Body Ratio နဲ့ NVIDIA GeForce MX 250 GPU တွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် မော်ဒယ်အသစ်မှာ ပိုမြန်တဲ့ 10th Gen Intel Core i5/i7 Processor တွေပါပြီး အရင်မျိုးဆက်ထက် စွမ်းဆောင်ရည်ဟာ ၁၃ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ ၃၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးတဲ့ Fast Charging ပါပါတယ်။ ငွေ၊ အညိုနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၆ ရက်မှာ ရောင်းမှာပါ။
RedmiBook 14 Pro specifications
• 14-inch (1920 x 1080 pixels) 16:9 display, 178° wide viewing angle, 250 nits brightness
• 1.8GHz Intel Core i7-10510U (8MB L3 Cache, up to 4.9GHz) / 1.6GHz Intel Core i5-10210U (6MB L3 Cache, up to 4.2GHz) processor
• 2GB GDDR5 NVIDIA GeForce MX250 graphics
• 8G DDR4 2133MHz RAM, 256GB / 512GB SATA SSD storage
• Windows 10
• WiFi 802.11ac 2×2 (2.4GHz and 5GHz), Bluetooth 5.0, 2 x USB 3.0 port, 1 x USB 2.0, HDMI
• Dimensions:323x228x17.95mm ; Weight:1.5kg
• 3.5mm headphone / microphone jack, Realtek ALC256M , 2x 1.5W speakers, DTS audio
• 46W battery with fast charging, up to 10h battery life, fast charging
မော်ဒယ် ၃ ခု ထုတ်လုပ်ထားပါတယ်။
• Base Model – Core i5-10210U + 8GB RAM + 256GB SSD + Nvidia MX250 discrete graphics.
• Top Model – Core i7-10510U + 8GB RAM + 512GB SSD + MX250 discrete graphics.
ဒေါ်လာ ၅၅၉ ၊ ၆၂၉ နဲ့ ၆၆၉ အသီးသီး တန်ကြေးရှိပါတယ်။ မြန်မာငွေ ၈ သိန်းခွဲနဲ့ ၁၀ သိန်းခွဲအကြားမှာ ရှိနိုင်ပါတယ်။
Ref : fonearena
၁၄ လက်မ FHD Display ပါတဲ့ RedmiBook 14 Enhanced Edition ကို ကြေညာ
You must log in to post a comment.