Redmi Note 8 Pro World of Warcraft Edition ကို တရုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။ Horde Model နဲ့ Alliance Model ၂ မျိုးထုတ်လုပ်ပေးထားပြီး Azeroth မှ နာမည်ကျော် အဖွဲ့ ၂ ခုကို ကိုယ်စားပြုထားပါတယ်။ Model ၂ ခုစလုံးမှာ မတူညီတဲ့ ဘူးခွံ၊ ဒီဇိုင်း၊ Theme နဲ့ Custom Case တွေ ထည့်သွင်းထားပါတယ်။
Horde Model ကို အနက်နဲ့ အနီရောင် ဘူးနဲ့ ထည့်ပေးထားပါတယ်။ ဘူးရဲ့ အပြင်ဘက်မှာ အနီရောင်နဲ့ စာရေးထားပါတယ်။ အနက်နဲ့ အနီရောင် Case ပါလာပြီး အောက်ခြေမှာ Horde ပုံရိပ် ရေးဆွဲထားပြီး WoW Cards တွေလည်း ပါပါတယ်။
Alliance Model အတွက် အဖြူရောင် ဘူးကို ထုတ်လုပ်ပေးထားပြီး အတွင်းဘက်က အပြာရောင် ဖြစ်ပါတယ်။ ဘူးထဲမှာ Redmi Note 8 Pro ရဲ့ Fritillaria White Model ထည့်ထားပါတယ်။ Case ၁ ခုလည်း ပါပါတယ်။ အနက်နဲ့ အပြာရောင် ဖြစ်ပြီး Alliance ပုံရိပ်ကို ရေးထွင်းထားပါတယ်။ WoW Cards တွေ ထည့်ထားပါတယ်။
Redmi Note 8 Pro World of Warcraft Limited Edition မှာ Custom Wallpapers , Themes , Icon Packs တွေ ပါပါတယ်။ ဈေးနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ Specs တွေကတော့ Redmi Note 8 Pro နဲ့ တူပါတယ်။
Ref : gizmochina
Redmi Note 8 Pro World of Warcraft Edition ကို ကြေညာ
You must log in to post a comment.