Post အမျိုးအစားအလိုက်ခွဲခြားပြီး ကိုယ့် Home Page မှာဖော်ပြပေးမယ့် အစီအစဉ်ကို Facebook စမ်းသပ်နေ

Facebook ဟာ ကိုယ့်ရဲ့ Home Page မှာ အမျိုးအစားကိုအခြေခံပြီး Post တွေကို ဖော်ပြပေးမယ့် အစီအစဉ်သစ်ကို သြစတျေးလျမှာစမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်မယ့် Timeline အသစ်ဟာ Topic တွေပေါ်မူတည်ပြီးတော့ Post တွေကို ကွဲထွက်အောင် ဖန်တီးပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဥပမာ တိရစ္ဆာန်နဲ့ အိမ်မွေးသတ္တဝါလေးတွေ၊ ရုပ်ရှင်တွေ၊ ဆိုပြီးတော့ အမျိုးအစားနဲ့ ခွဲပြထားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ အဲ့ဒီလို Post တွေပါဝင်တဲ့ Topic တွေမှာ ဝင်ကြည့်ရုံပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်ချက်အသစ်ဟာ သြစတျေးလျက ထင်ရှားတဲ့နေရာတွေမှာ စမ်းသပ်တဲ့အနေနဲ့ ဦးဆုံးရရှိနိုင်မှာဖြစ်ပြီး “ဒီအရာဟာ အကြောင်းအရာတွေ၊ Topic တွေကို အခြေခံပြီး ကြည့်ရှုနိုင်မယ့် နည်းလမ်းသစ်တစ်ရပ်ပါ”  လို့ပြသထားမှာဖြစ်ပါတယ်။

facebook

ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်တဲ့အခါမှာ အသုံးပြုသူတွေဟာ News Feeds တွေကို Default အနေနဲ့ သတ်မှတ်ထားဖို့ အကြံပေးခံရမှာဖြစ်ပြီး အဲ့ဒီအကြောင်းအရာတွေမှာ၊ တိရစ္ဆာန်နဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ၊ TV နဲ့ ရုပ်ရှင်တွေဆိုပြီးတော့ ဖော်ပြပေးထားမှာပါ။ ဒီလိုဖော်ပြဖို့လုပ်တာဟာ Facebook အနေနဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်ကို ပိုမိုရယူနိုင်ပြီး တစ်ဦးချင်းစီကို ပိုမိုသိရှိလာနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်ကို Facebook ဟာ မနှစ်ကတည်းက လုပ်ဖို့စီစဉ်ထားတာဖြစ်ပေမယ့် ဒီနှစ်မှာမှပေါ်ထွက်လာတာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မကြာခင်မှာ ရရှိနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Independent

 

 

%d bloggers like this: