10th Gen i7 Processor ပါမယ့် RedmiBook 14 ကို ကြေညာတော့မည်

Processor အဆင့်မြှင့်ထားတဲ့ RedmiBook 14 အသစ်ကို ဒီလ ၂၉ ရက်မှာ Remi Note 8 , Redmi Note 8 Pro နဲ့ Redmi TV တို့နဲ့အတူ ကြေညာတော့မှာ ဖြစ်ပါတယ်။ မေလက ကြေညာခဲ့တဲ့ Redmi ရဲ့ ပထမဆုံး RedmiBook 14 မှာ 8th Gen Intel Processor ထည့်သွင်းထားတာ ဖြစ်ပြီး မော်ဒယ် အသစ်မှာ 10th Gen i7 Processor ပါလာမှာ ဖြစ်ပါတယ်။

Redmi က Processor Model အတိအကျကိုတော့ မပြောသေးပါဘူး။ မူလ RedmiBook 14 ရဲ့ စွမ်းရည်မြင့် မော်ဒယ်တွေရဲ့ i7-8565U ကို တိုက်ရိုက် အစားထိုးမှာ ဖြစ်ပါတယ်။ မူလမော်ဒယ်ရဲ့ NVIDIA GeForce MX250 ကိုပဲသုံးထားမလား ဒါမှမဟုတ် ပိုကောင်းတဲ့ GPU နဲ့ အဆင့်မြှင့်ထားမလား ဆိုတာ မသိရသေးပါဘူး။

RedmiBook 14 အသစ်ကို RedmiBook 14 Enhanced လို့ နာမည်ပေးထားမှာ ဖြစ်ပြီး သူ့အတွက် ကြိုးမဲ့ ဘလူးတု နားကြပ်နဲ့ ကြိုးမဲ့ မောက်စ်တွေကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ ကုမ္ပဏီရဲ့ ဝီဘို အကောင့်မှာ ဖော်ပြထားပါတယ်။

Redmi Note 8 Pro မှာ MediaTek Helio G90T Processor ပါမယ်ဆိုတာကို ကုမ္ပဏီက အတည်ပြုထားပါတယ်။ မနေ့ကတော့ Redmi Note 8 မှာ Snapdragon 665 Processor ပါမယ်လို့ ကုမ္ပဏီက ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ Xiaomi CC9e နဲ့ Mi A3 တို့မှာလည်း အဲဒီ Processor ထည့်ထားတာ ဖြစ်ပါတယ်။

Ref : notebookcheck

10th Gen i7 Processor ပါမယ့် RedmiBook 14 ကို ကြေညာတော့မည်

%d bloggers like this: