Redmi Note 8 Pro မှာ Liquid Cooling Feature ပါမှာ သေချာပြီ

Redmi Note 8 Pro မှာ Liquid Cooling Feature ပါမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် အပူချိန်ကြောင့် ဖုန်း လေးလံခြင်း မရှိဘဲ ဂိမ်း အကြာကြီး ကစားနိုင်မှာပါ။ သူ့မှာ ဂိမ်း အသားပေး Chipset ထည့်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi Note 8 Pro ရဲ့ AnTuTu Score ကို မျှဝေခဲ့ပြီး သူ့ရဲ့ Helio G90T Chipset ဟာ Snapdragon 710 SoC ထက် အမှတ်သာနေပါတယ်။ ဒါပေမယ့် Kirin 810 Chipset ထက် အမှတ်အနည်းငယ် နည်းပါတယ်။

Pro Model မှာ 64MP Camera နဲ့ 25x Zoom ပါမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Redmi က 64MP Camera ဟာ 9248×6936 Pixels Resolution Photo တွေကို ရိုက်ကူးပေးနိုင်တယ်လို့ ပြောထားပြီး Full HD Resolution ရဲ့ 25x ရှိပါတယ်။ 4K ထက်မြင့်ပြီး 8K Resolution ထက် 2x ပိုများပါတယ်။ Pro မဟုတ်တဲ့ မော်ဒယ်မှာ 48MP Camera ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi Note 8 Series တွေမှာ ဂိမ်း အသားပေး Helio G90T Chipset ပါမယ်ဆိုတာ သေချာသွားပါပြီ။ သူတို့ကို ဒီလ ၂၉ ရက်မှာ ကြေညာတော့မှာပါ။ Pro Model မှာ Samsung ISOCELL Bright GW1 64-Megapixel Lens ကို ပင်မ ကင်မရာအနေနဲ့ ထည့်သွင်းထားမှာဖြစ်ပြီး ၃.၂၆ မီတာရှိတဲ့ အရွယ်ကြီး ပိုစတာ ၁ ခုကိုတောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ Redmi ရဲ့ အကြီးအကဲ Lu Weibing က Redmi Note 8 Series တွေဟာ ဘက်ထရီနဲ့ ကင်မရာတွေ ပိုကောင်းလာပြီး Screen-to-body Ratio က မြင့်တဲ့ အတွက် ကိုင်ရတာ သက်တောင့်သက်သာ ဖြစ်မယ်လို့ ပြောထားပါတယ်။

Ref : gizmochina

Redmi Note 8 Pro မှာ Liquid Cooling Feature ပါမှာ သေချာပြီ

%d bloggers like this: