



Pricing


Ref : gsmarena

[Unicode]

Samsung Galaxy Note10 Series ကို နိုင်ငံပေါင်း ၇၀ ကျော်မှာ ရောင်းပြီ

Samsung Galaxy Note10 နဲ့ Note 10+ ကို Canada, France, India, Singapore, Thailand, Australia, US, UK အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှာ ရောင်းချပေးလိုက်ပါပြီ။ စက်တင်ဘာလ အစောပိုင်းမှာ နိုင်ငံပေါင်း ၁၃၀ အထိ တိုးချဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Samsung Galaxy Note10 နဲ့ Note 10+ တို့ရဲ့ Specs အများစုက တူကြပါတယ်။ Note 10+ မှာ ToF Sensor အပို ထည့်သွင်းထားပြီး ဘက်ထရီက ပိုကြီးပါတယ်။ မျက်နှာပြင်ကလည်း ပိုကြီးပြီး Resolution ပိုကောင်းပါတယ်။ RAM လည်း ပိုများပြီး microSD Card Slot ထည့်ထားပါတယ်။

Samsung Galaxy Note 10 Series တွေဟာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပါတယ်။ Note 10 , Note 10+ နဲ့ Note 10+ 5G Models တွေ ထုတ်လုပ်ထားပါတယ်။ တောင်ကိုရီးယားမှာ Pre-order ဟာ ၁၃ ရက်အတွင်းမှာ အလုံးရေ ၁.၃ သန်း ရှိပြီး Note 9 ထက် ၂ ဆပိုများသွားပါတယ်။ သူတို့ရဲ့ ဈေးတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

Pricing

• Samsung Galaxy Note10 8GB + 256GB – $949.99 (Rs. 67,520 approx.)
• Samsung Galaxy Note10+ 12GB + 256GB – $1099.99 (Rs. 78,180 approx.)
• Samsung Galaxy Note10+ 12GB + 512GB – $1199.99 (Rs. 85,290 approx.)
• Samsung Galaxy Note10+ 5G 12GB + 256GB – $1299.99 (Rs. 92,400 approx.)
• Samsung Galaxy Note10+ 5G 12GB + 512GB- $1399.99 (Rs. 99,505 approx.)

Ref : gsmarena

%d bloggers like this: