Xiaomi Mi Mix 4 မှာ 108MP Camera, Snapdragon 855+ ပါမည်

တရုတ်ကထွက်လာတဲ့ သတင်းအရ Xiaomi Mi Mix 4 မှာ 2.96GHz Snapdragon 855+ ပါမယ်လို့ သိရပါတယ်။ ဒါ့အပြင် 12GB RAM ,1TB Storage တွေပါလာမှာပါ။ 30W Fast Charge ပါတဲ့ 4,500mAh Batteyr ထည့်ထားမှာပါ။ Wireless Reverse Charging ပါတဲ့ ပထမဆုံး Mi Mix Phone ပါ။ အနောက်ကင်မရာ ၄ လုံးမှာ 108MP Main , 16MP Super-wide , 12MP နဲ့ Periscope Zoom Lens တွေ ဖြစ်ပါတယ်။ တောက်ပြောင်တဲ့ ကိုယ်ထည်ကို ဖန်တီးထားမှာပါ။

Xiaomi က Mi Mix 4 ကို စက်တင်ဘာလမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို လက်ဗွေရာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Under-display Fingerprint Sensor ပါလာနိုင်ပါတယ်။ စကရင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားနိုင်ပါတယ်။

Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက် ဝမ်တန်က Mi Mix 4 ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ မကြာခင်ကလည်း Mi Mix 4 ရဲ့ ကြိုးမဲ့ အားသွင်း စနစ်ကို စောင့်ကြည့်သင့်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအတွက် Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်ပါတယ်။ Mi Mix 4 နဲ့ အတူ Mi Mix 4 5G ကိုပါ ကြေညာနိုင်ပါတယ်။ ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ Mi Mix 3 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Phone ဖြစ်ပါတယ်။

Ref : gsmarena

Xiaomi Mi Mix 4 မှာ 108MP Camera, Snapdragon 855+ ပါမည်

%d bloggers like this: