




• Dual SIM

ref : fonearena

[Unicode]

Snapdragon 855+, Triple Rear Cameras တွေပါတဲ့ Vivo iQOO Pro နဲ့ iQOO Pro 5G ကို ကြေညာပြီ

Vivo က စွမ်းရည်မြင့် iQOO Pro နဲ့ iQOO Pro 5G ကို ကြေညာလိုက်ပါတယ်။ သူတို့ ၂ လုံးမှာ 4G နဲ့ 5G ပါတာကလွဲပြီး အခြား အစိတ်အပိုင်းတွေက တူကြပါတယ်။ iQOO ဟာ Vivo ရဲ့ ဂိမ်း အသားပေး ဖုန်းတွေပါ။ အပူချိန်ကို ချိန်ညှိပေးတဲ့ Plate နဲ့ Liquid Cooling နည်းပညာတွေ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အရှေ့မှာ ၁ လုံး ထည့်ထားပါတယ်။

အနောက်ဘက်ဟာ 4D Curved Glass Design ဖြစ်ပါတယ်။ Game Space 2.0 က ရုပ်ထွက်ပိုကောင်းစေပါတယ်။ 4D Vibration 3.0 က ဂိမ်းကစားရင် အရမ်းမိုက်တဲ့ ခံစားမှုကို ပေးမှာပါ။ Halo Cool Lighting Effect 2.0 ပါပြီး Lighting Effect Color , Mode , Frequency တွေကို သင်နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။ 44W Fast Charging က အားသွင်းရင် အရမ်းမြန်မှာပါ။ အနက်နဲ့ အပြာရောင်ထုတ်ထားပါတယ်။

iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၁၉၈ နဲ့ ၃,၄၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ လက်ရှိငွေလဲလှယ်နှုန်းအရ မြန်မာငွေ ၆၈၀,၀၀၀ နဲ့ ၇၅၀,၀၀၀ လောက်ရှိပါတယ်။ iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၇၉၈ ၊ ၃,၉၉၈ နဲ့ ၄,၀၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၁၀,၀၀၀ ၊ ၈၅၀,၀၀၀ နဲ့ ၈၇၀,၀၀၀ လောက် ကျသင့်မှာပါ။

Vivo iQOO Pro and iQOO Pro 5G specifications

• 6.41-inch (1080 × 2340 pixels) Full HD+ Super AMOLED 19.5:9 aspect ratio display
• Octa-Core Snapdragon 855 Plus 7nm Mobile Platform (1 x 2.96GHz Kryo 485 + 3 x 2.42GHz Kryo 485 + 4x 1.80GHz Kryo 485) with Adreno 640 GPU
• 8GB RAM with 128GB / 256GB (UFS 3.0) internal memory, 12GB RAM with 128GB / 512GB (UFS 3.0) internal memory
• Dual SIM
• Android 9.0 (Pie) with Funtouch OS 9
• 48MP rear camera with 1/2.0″ Sony IMX582 sensor, 0.8μm pixel size, f/1.79 aperture, 13MP 120-degree ultra-wide lens with f/2.2 aperture, 2MP camera, f/2.4 aperture
• 12MP Dual Pixel front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5mm audio jack, AK4377A Hi-Fi DAC
• Dimensions: 158.77×75.73×9.325mm ; Weight: 215g (4G) / 217g (5G)
• 4G / 5G, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C 2.0, NFC
• 4500mAh (typical) / 4410mAh (minimum) battery with 44W ultra fast charging

ref : fonearena

%d bloggers like this: