Quad Cameras နဲ႔ ငါးမန္းေတာင္ Pop-up Camera ပါလာမယ့္ OPPO Reno 2

OPPO Reno 2 ကို တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွာ မွတ္ပံုတင္ထားၿပီး သူ႔ရဲ႕ အဓိက Specs ေတြကို သိလာရပါၿပီ။ သူ႔မွာ ၆.၅ လက္မ AMOLED FHD+ Display , 2.2GHz Octa-core Processor ထည့္သြင္းထားမွာပါ။ ငါးမန္းေတာင္ Pop-up Selfie Camera ထည့္သြင္းထားမွာပါ။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးထည့္သြင္းထားၿပီး 48MP Primary Sensor , 13MP Telephoto , 8MP Ultrawide နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ပါတယ္။

4,000mAh Battery နဲ႔ Android 9 Pie ColorOS ထည့္သြင္းထားမွာပါ။ 8GB RAM+256GB Storage Model ထြက္လာႏိုင္ပါတယ္။ OPPO ကုမၸဏီက ဒီလ ၂၈ ရက္မွာ ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

OPPO India က တြစ္တာမွာ ေၾကညာမယ့္ ရက္ကို ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Reno 2 Series လို႔ ဓါတ္ပံုမွာ ျပသထားတဲ့ အတြက္ စမတ္ဖုန္း ၁ လံုးထက္ပိုႏုိင္ပါတယ္။ အဲဒီ စမတ္ဖုန္းေတြမွာ အေနာက္ကင္မရာ ၄ လံုးကို ေဒါင္လိုက္ တပ္ဆင္ထားမွာ ျဖစ္ၿပီး 20x Zoom ပါလာမွာ ျဖစ္ပါတယ္။ Reno 2 Series ေတြမွာ ငါးမန္းေတာင္ စတိုင္ ဆဲလ္ဖီး ကင္မရာ ၁ လံုး ထည့္သြင္းထားမွာ ျဖစ္တဲ့ အတြက္ Notch ပါမွာ မဟုတ္ပါဘူး။ အဲဒီ စမတ္ဖုန္းေတြကို ဒီလ ၂၈ ရက္မွာ နယူးေဒလီတြင္ ပြဲ ၁ ခု က်င္းပၿပီး ေၾကညာမွာ ျဖစ္ပါတယ္။

Ref : firstpost

[Unicode]

Quad Cameras နဲ့ ငါးမန်းတောင် Pop-up Camera ပါလာမယ့် OPPO Reno 2

OPPO Reno 2 ကို တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ မှတ်ပုံတင်ထားပြီး သူ့ရဲ့ အဓိက Specs တွေကို သိလာရပါပြီ။ သူ့မှာ ၆.၅ လက်မ AMOLED FHD+ Display , 2.2GHz Octa-core Processor ထည့်သွင်းထားမှာပါ။ ငါးမန်းတောင် Pop-up Selfie Camera ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးထည့်သွင်းထားပြီး 48MP Primary Sensor , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

4,000mAh Battery နဲ့ Android 9 Pie ColorOS ထည့်သွင်းထားမှာပါ။ 8GB RAM+256GB Storage Model ထွက်လာနိုင်ပါတယ်။ OPPO ကုမ္ပဏီက ဒီလ ၂၈ ရက်မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

OPPO India က တွစ်တာမှာ ကြေညာမယ့် ရက်ကို ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Reno 2 Series လို့ ဓါတ်ပုံမှာ ပြသထားတဲ့ အတွက် စမတ်ဖုန်း ၁ လုံးထက်ပိုနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ အနောက်ကင်မရာ ၄ လုံးကို ဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး 20x Zoom ပါလာမှာ ဖြစ်ပါတယ်။ Reno 2 Series တွေမှာ ငါးမန်းတောင် စတိုင် ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်တဲ့ အတွက် Notch ပါမှာ မဟုတ်ပါဘူး။ အဲဒီ စမတ်ဖုန်းတွေကို ဒီလ ၂၈ ရက်မှာ နယူးဒေလီတွင် ပွဲ ၁ ခု ကျင်းပပြီး ကြေညာမှာ ဖြစ်ပါတယ်။

Ref : firstpost

%d bloggers like this: