Redmi Note 8 Pro မွာ 25x Zoom ပါမည္

လာမယ့္ တစ္ပတ္မွာ Redmi က Note 8 နဲ႔ Note 8 Pro တို႔ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Pro Model မွာ 64MP Camera ပါမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ အခုေတာ့ ကုမၸဏီက Redmi Note 8 Pro ရဲ႕ 25x Zoom စြမ္းရည္ကို ပိုစတာ ၁ ခုနဲ႔ ျပသလိုက္ၿပီး ငွက္ရဲ႕ အေမႊးေတြကိုေတာင္ ျပတ္သားစြာ ျမင္ရတာကို ေတြ႕ရပါတယ္။

Redmi က 64MP Camera ဟာ 9248×6936 Pixels Resolution Photo ေတြကို ရိုက္ကူးေပးႏိုင္တယ္လို႔ ေျပာထားၿပီး Full HD Resolution ရဲ႕ 25x ရွိပါတယ္။ 4K ထက္ျမင့္ၿပီး 8K Resolution ထက္ 2x ပိုမ်ားပါတယ္။ Pro မဟုတ္တဲ့ ေမာ္ဒယ္မွာ 48MP Camera ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Redmi Note 8 Series ေတြမွာ ဂိမ္း အသားေပး Helio G90T Chipset ပါမယ္ဆိုတာ ေသခ်ာသြားပါၿပီ။ MediaTek က ေနာက္ထြက္မယ့္ Redmi Note Series ေတြမွာ အဲဒီ Chipset ပါမယ္လို႔ ၀ီဘိုမွာ မေန႔က ေၾကညာလိုက္ပါတယ္။ သူတို႔ကို ဒီလ ၂၉ ရက္မွာ ေၾကညာေတာ့မွာပါ။

Pro Model မွာ Samsung ISOCELL Bright GW1 64-Megapixel Lens ကို ပင္မ ကင္မရာအေနနဲ႔ ထည့္သြင္းထားမွာျဖစ္ၿပီး ၃.၂၆ မီတာရွိတဲ့ အရြယ္ႀကီး ပိုစတာ ၁ ခုကိုေတာင္ ထုတ္လုပ္ေပးႏုိင္ပါတယ္။ Redmi ရဲ႕ အႀကီးအကဲ Lu Weibing က Redmi Note 8 Series ေတြဟာ ဘက္ထရီနဲ႔ ကင္မရာေတြ ပိုေကာင္းလာၿပီး Screen-to-body Ratio က ျမင့္တဲ့ အတြက္ ကိုင္ရတာ သက္ေတာင့္သက္သာ ျဖစ္မယ္လို႔ ေျပာထားပါတယ္။

Ref : gsmarena

[Unicode]

Redmi Note 8 Pro မှာ 25x Zoom ပါမည်

လာမယ့် တစ်ပတ်မှာ Redmi က Note 8 နဲ့ Note 8 Pro တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Pro Model မှာ 64MP Camera ပါမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ အခုတော့ ကုမ္ပဏီက Redmi Note 8 Pro ရဲ့ 25x Zoom စွမ်းရည်ကို ပိုစတာ ၁ ခုနဲ့ ပြသလိုက်ပြီး ငှက်ရဲ့ အမွှေးတွေကိုတောင် ပြတ်သားစွာ မြင်ရတာကို တွေ့ရပါတယ်။

Redmi က 64MP Camera ဟာ 9248×6936 Pixels Resolution Photo တွေကို ရိုက်ကူးပေးနိုင်တယ်လို့ ပြောထားပြီး Full HD Resolution ရဲ့ 25x ရှိပါတယ်။ 4K ထက်မြင့်ပြီး 8K Resolution ထက် 2x ပိုများပါတယ်။ Pro မဟုတ်တဲ့ မော်ဒယ်မှာ 48MP Camera ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi Note 8 Series တွေမှာ ဂိမ်း အသားပေး Helio G90T Chipset ပါမယ်ဆိုတာ သေချာသွားပါပြီ။ MediaTek က နောက်ထွက်မယ့် Redmi Note Series တွေမှာ အဲဒီ Chipset ပါမယ်လို့ ဝီဘိုမှာ မနေ့က ကြေညာလိုက်ပါတယ်။ သူတို့ကို ဒီလ ၂၉ ရက်မှာ ကြေညာတော့မှာပါ။

Pro Model မှာ Samsung ISOCELL Bright GW1 64-Megapixel Lens ကို ပင်မ ကင်မရာအနေနဲ့ ထည့်သွင်းထားမှာဖြစ်ပြီး ၃.၂၆ မီတာရှိတဲ့ အရွယ်ကြီး ပိုစတာ ၁ ခုကိုတောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ Redmi ရဲ့ အကြီးအကဲ Lu Weibing က Redmi Note 8 Series တွေဟာ ဘက်ထရီနဲ့ ကင်မရာတွေ ပိုကောင်းလာပြီး Screen-to-body Ratio က မြင့်တဲ့ အတွက် ကိုင်ရတာ သက်တောင့်သက်သာ ဖြစ်မယ်လို့ ပြောထားပါတယ်။

Ref : gsmarena

%d bloggers like this: