လာမယ့္ႏွစ္မွာ ေစ်းသက္သာတဲ့ 5G Phone ေရာင္းမယ့္ Nokia

Samsung Galaxy S10 5G နဲ႔ Huawei Mate 20 X 5G တို႔ကို 5G ရတဲ့ ႏုိင္ငံေတြမွာ တိုးခ်ဲ႕ေရာင္းခ်ေနေပမယ့္ ေစ်းကေတာ့ ႀကီးျမင့္ေနပါေသးတယ္။ HMD ရဲ႕ ထုတ္ကုန္ အႀကီးအကဲ Juho Sarvikas က Nokia ရဲ႕ ေစ်းသက္သာတဲ့ 5G Phone ကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ အင္တာဗ်ဴး ၁ ခုမွာ ေျပာပါတယ္။

သူက လက္ရွိ 5G Phone ေတြရဲ႕ ေစ်း ထက္၀က္ေလာက္ပဲ ရွိေအာင္ ျပဳလုပ္ခ်င္တယ္လို႔ ေျပာပါတယ္။ Nokia က အဲဒီဖုန္းကို ဖန္တီးဖို႔ Chipset ထုတ္လုပ္သူ Qualcomm နဲ႔ ပူးေပါင္း အလုပ္လုပ္ေနပါတယ္။ ဒါ့အျပင္ 5G Phone ကို အေမရိကန္မွာ ေရာင္းခ်ဖို႔ US Carriers ေတြနဲ႔လည္း ေဆြးေႏြးေနပါတယ္။

ေစ်းသက္သာတဲ့ 5G Phone ေတြ ေပၚလာမွပဲ 5G ကို အသံုးျပဳမႈ မ်ားျပားလာမွာ ျဖစ္ပါတယ္။ လက္ရွိ 5G Phone ေတြဟာ ၁၅ သိန္းနဲ႔ သိန္း ၂၀ ၾကားေလာက္ရွိတဲ့အတြက္ ေဘာစိေတြပဲ ၀ယ္ႏိုင္ၾကဦးမွာပါ။ လာမယ့္ႏွစ္မွာေတာ့ 5G Phone ေတြ ေစ်းက်လာမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

လာမယ့်နှစ်မှာ ဈေးသက်သာတဲ့ 5G Phone ရောင်းမယ့် Nokia

Samsung Galaxy S10 5G နဲ့ Huawei Mate 20 X 5G တို့ကို 5G ရတဲ့ နိုင်ငံတွေမှာ တိုးချဲ့ရောင်းချနေပေမယ့် ဈေးကတော့ ကြီးမြင့်နေပါသေးတယ်။ HMD ရဲ့ ထုတ်ကုန် အကြီးအကဲ Juho Sarvikas က Nokia ရဲ့ ဈေးသက်သာတဲ့ 5G Phone ကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။

သူက လက်ရှိ 5G Phone တွေရဲ့ ဈေး ထက်ဝက်လောက်ပဲ ရှိအောင် ပြုလုပ်ချင်တယ်လို့ ပြောပါတယ်။ Nokia က အဲဒီဖုန်းကို ဖန်တီးဖို့ Chipset ထုတ်လုပ်သူ Qualcomm နဲ့ ပူးပေါင်း အလုပ်လုပ်နေပါတယ်။ ဒါ့အပြင် 5G Phone ကို အမေရိကန်မှာ ရောင်းချဖို့ US Carriers တွေနဲ့လည်း ဆွေးနွေးနေပါတယ်။

ဈေးသက်သာတဲ့ 5G Phone တွေ ပေါ်လာမှပဲ 5G ကို အသုံးပြုမှု များပြားလာမှာ ဖြစ်ပါတယ်။ လက်ရှိ 5G Phone တွေဟာ ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားလောက်ရှိတဲ့အတွက် ဘောစိတွေပဲ ဝယ်နိုင်ကြဦးမှာပါ။ လာမယ့်နှစ်မှာတော့ 5G Phone တွေ ဈေးကျလာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: