၆.၅၉ လက်မ မျက်နှာပြင်ပါလာမယ့် Huawei Enjoy 10

တရုတ် ဆက်သွယ်ရေး ကော်မရှင်ထံမှာ Huawei Enjoy 10 ကို မှတ်ပုံတင်လိုက်ပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေကိုလည်း ပြသထားပါတယ်။ သူ့မှာ ၆.၅၉ လက်မ FHD+ LCD Display ထည့်သွင်းထားပြီး 16MP Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါပြီး 48MP Main Camera, 8MP Ultrawide Camera နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ ကင်မရာတွေအောက်မှာ LED နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Huawei Enjoy 10 မှာ 2.2GHz Octa-core CPU ပါမယ်လို့ ဖော်ပြထားတဲ့အတွက် Kirin 710 Chipset ဖြစ်နိုင်ပါတယ်။ 4GB, 6GB , 8GB RAM Versions တွေထွက်လာမှာ ဖြစ်ပြီး 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 3,900mAh ဖြစ်ပြီး USB Type-C ကနေ အားသွင်းနိုင်ပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။

Huawei Enjoy 10 ရဲ့ အရွယ်အစား အပြည့်အစုံက 163.5×77.3×8.8 (mm) ဖြစ်ပြီး အလေးချိန်မှာ ၁၉၆.၈ ဂရမ် ဖြစ်ပါတယ်။ အနက်၊ အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ တရုတ်မှာ မကြာခင်ကြေညာနိုင်ပါတယ်။

Ref : gsmarena

၆.၅၉ လက်မ မျက်နှာပြင်ပါလာမယ့် Huawei Enjoy 10

%d bloggers like this: