Play Store မှာဒေါင်းလို့မရတဲ့ CoC အပါအဝင် ဂိမ်းတွေ၊app တွေကို ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ

အရင်တုန်းက ဒီလိုပုံစံဆင်တူ Aritcle တစ်ပုဒ်ကို Digital Times မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ယခင်နည်းလမ်းလောက်လဲ မခက်ခဲပဲ အသုံးဝင်တဲ့ နည်းလမ်းတစ်မျိုးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အရင်ဖော်ပြခဲ့ဖူးတဲ့ Article လိုမျိုး Third Party App မလိုအပ်လို့ တစ်ခါဒေါင်းဖို့အတွက် Play Store ကနေ Clear Data ရှင်းပြီးမှ VPN ကျော်ပြီးဒေါင်း၊ အဲ့ဒီလိုမျိုးအလုပ်မရှုပ်ပါဘူး။ ဒါကြောင့် နောက်ထပ်နည်းလမ်းတစ်ရပ်အနေနဲ့ ဒီနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းအတိုင်းလုပ်ကြည့်ရင်း စမ်းသပ်ကြည့်ရအောင်..။

အရင်ဆုံးသင့်အနေနဲ့ လိုအပ်တာကတော့ Application တစ်ခုပဲဖြစ်ပါတယ်။  အဲ့ဒီ App နာမည်က Aptoide လို့ခေါ်ပြီး Play Store လိုမျိုး Store App တစ်ခုပဲဖြစ်ပါတယ်။ Play Store မှာရှိတဲ့ Apps အကုန်လုံးဒီမှာရှိနိုင်တယ်လို့တော့ အတိအကျမပြောနိုင်ပေမယ့် လူသုံးများထင်ရှားတဲ့ Apps တွေ အတော်များများတော့ အသုံးရှိတာကို တွေ့ရပါတယ်။ Play Store မှာ ဒီApp ကိုရှာကြည့်တာ မတွေ့ရလို့ Search ကနေရှာပြီးဝင်ဒေါင်းလိုက်ရပါတယ်။ ဒေါင်းဖို့အတွက် ဒီနေရာကိုနှိပ်ပြီးဝင်ရောက်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

aptoid-download

ဒါဆိုရင်အထက်မှာပြထားတဲ့အတိုင်းတွေ့ရပြီဆိုရင်တော့ သင့်အနေနဲ့ Install Now ကိုနှိပ်ပြီးတော့ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ အဲ့ဒီအပြင်အောက်ဖက်မှာ Aptoide TV နဲ့ Aptoide Lite ဆိုတာလည်းရှိပါတယ်။ Lite ကတော့ နာမည်အတိုင်း Lite Version ဖြစ်ပါတယ်။ သူ့ကိုသုံးကြည့်တာလည်း တော်တော်အဆင်ပြေတာတွေ့ရပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ Aptoide နဂိုဗားရှင်းကိုပဲသုံးမှာဖြစ်ပါတယ်။

ဒေါင်းလုဒ်လုပ်ပြီးလို့ရင်တော့ App ကို Install လုပ်လိုက်ပါ။ ပြီးသွားရင် App ကိုဖွင့်လိုက်ပါ။ Welcome လုပ်တဲ့ စာမျက်နှာတွေကို ကျော်သွားပြီးရင်တော့ ရသွားပါပြီ။ သင့်အနေနဲ့ App အထဲက Interface မှာ ဒီအတိုင်းမြင်နိုင်ပါတယ်။

11

Home ကတော့ App ရဲ့ Home Page ဖြစ်ပြီး ရေပန်းစားတဲ့ App တွေ၊ Game တွေကို ပြသထားမှာပါ။ Community နဲ့ Stories ကတော့ သိပ်အရေးမကြီးပါဘူး။ ပြီးရင် Update လာမှာဖြစ်ပြီး သင့်ဖုန်းထဲမှာ ရှိနေတဲ့ Apps တွေကို Update လုပ်နိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Social Timeline ဖြစ်ပြီး Facebook အကောင့်နဲ့ Log In လုပ်ထားနိုင်ပါတယ်။ အဲ့ဒီအပြင် အပြင် Home ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Hamburger Menu ထဲက Sign Up of Login ကိုနှိပ်ပြီး Gmail နဲ့လည်း Subscribe လုပ်ထားနိုင်ပါသေးတယ်။ နောက်ဆုံး Downloads ထဲမှာတော့ ကိုယ် Update နဲ့ Download လုပ်ထားတဲ့ Software တွေ ဂိမ်းတွေကို ဖော်ပြပေးထားမှာပါ။

111 1111

ဒါဆိုရင်တော့ Apps ရဲ့ Interface ကိုနားလည်လောက်ပါပြီ။ ကဲကျွန်တော်တို့တွေ စမ်းကြည့်ရအောင်။ ဒါကြောင့် Play Store မှာ ရှာလို့/ဒေါင်းလို့ မရတဲ့ Clash of Clans ကို အပေါ်ညာဘက်ထောင့်က Search မှာရိုက်ပြီး ရှာကြည့်လိုက်ပါတယ်။

2 22

ဒီအတိုင်းတွေ့ရပြီဆိုရင်တော့ Install ကိုနှိပ်ပြီး တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။ ဘာမှ အခက်အခဲမရှိတာကို တွေ့ရပါတယ်။ နောက်ထပ် Play Store မှာ ရှာလို့မရတဲ့ Marvel ဂိမ်း Future Fight ကိုရှာကြည့်လိုက်တော့လည်းတွေ့တာကိို တွေ့ရပါတယ်။

222

ကဲ ဒီအဆင့်တွေကို အလွယ်တကူ ပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အနေနဲ့ သင်ဒေါင်းလိုတဲ့ Apps တွေ၊ ဂိမ်းတွေကို အလွယ်တကူ Download လုပ်နိုင်ပါတယ်။

%d bloggers like this: