ရုပ်ရှင်ရိုက်ကူးရန် အထူးကောင်းမွန်သော Canon Cinema EOS ကင်မရာများကို လက်တွေ့လေ့လာ စမ်းသပ်နိုင်

အရည်အသွေးမြင့် ကင်မရာများကို စဉ်ဆက်မပြတ် ထုတ်လုပ်နေသည့် Canon ၏ စွမ်းဆောင်ရည် မြင့်မားပြီး  ရုပ်ရှင်ရိုက်ကူးနိုင်သည့် ဗီဒီယိုကင်မရာများကို လက်တွေ့လေ့လာ စမ်းသပ်နိုင်စေရန်အတွက် Canon Cinema EOS Experience အစီအစဉ်ကို ရန်ကုန်မြို့ Wyndham Hotel တွင် သြဂုတ်လ ၁၆ ရက်က စီစဉ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြားသော ရုပ်ရှင်ကင်မရာကဲ့သို့ အရည်အသွေးမြင့် 4K UHD ရိုက်ကူးနိုင်သော Canon Cinema C200 Video Camera ကိုလည်း လက်တွေ့စမ်းသပ်နိုင်ရန်အတွက် ပြသခဲ့သည်။

အဆိုပါ 4K UHD ‌ကင်မရာများမှာ တစ်စက္ကန့်လျှင် 120 fps အထိ ရိုက်ကူးနိုင်ကာ ဗီဒီယိုဖိုင်များကို တည်းဖြတ်ရာတွင်လည်း အရည်အသွေးကျဆင်းသွားခြင်းမရှိပဲ Full HD (1080 Mega Pixel) ထက် လေးဆကျော် ပိုမိုရုပ်ထွက်ကောင်းမွန် ကြည်လင်ပြတ်သားကာ  ကြည့်ရှုသူများကို ပြင်ပတွင်  မြင်ရသည့်အတိုင်း ခံစားစေမည် ဖြစ်သည်။

Canon Cinema EOS Experience အခမ်းအနားတွင်  အလင်္ကာကျော်စွာဘွဲ့ရ ရုပ်ရှင်ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ ပန်းချီစိုးမိုးက Canon Cinema C200 Video Camera ဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုကိုလည်း  ပြသခဲ့ပြီး ရိုက်ကူးရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံနှင့့်် ကင်မရာပါ ထူးခြားသည့် လုပ်ဆောင်နိုင်စွမ်းများအကြောင်းကိုလည်း ရှင်းလင်း ပြောဆိုခဲ့သည်။

ယင်းကင်မရာကို အခမ်းအနားပြုလုပ်သည့် သြဂုတ်လ ၁၆ ရက်မှစတင်ကာ တစ်လအတွင်း ဝယ်ယူမည့်သူများ  အတွက် အထူးဈေးနှုန်းအဖြစ် အမေရိကန်ဒေါ်လာ ၆၃၀ဝ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ဝယ်ယူသူ များအတွက် CFast 128 GB Memory Card အပြင် အခြားသော လက်ဆောင်များကိုလည်း ပေးအပ်သွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များရှိ အောက်တွင် ဖော်ပြထားသော Canon အရောင်းပြခန်းများတွင်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။

ထို့ပြင် အခြားအရည်အသွေးမြင့် Canon EOS C300Mk2, Canon XF705, XF405, XF400, XA55, XA50, XA40, XA15 နှင့် XA11 ဗီဒီယိုကင်မရာများကိုလည်း အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်လည်း ဖြစ်သည်။

Canon ထုတ်ကုန်များကို Myanmar Golden Rock International Co., Ltd မှ မြန်မာနိုင်ငံ၏တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချပေးလှျှက်ရှိသည်။

Canon Showroom –    ရန်ကုန် ။ အမှတ် (၇၈) ၊ အောင်ဆန်းကွင်း တောင်ဘက်တန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊

ရန်ကုန်မြို့။ ၀၁ ၂၄၃၀၃၇၊ ၀၁ ၃၉၃၄၃၈

Canon Showroom –   မန္တလေး။ ၇၈လမ်း ၊ ၂၉ x ၃၀ ကြား ၊ ဘူတာကြီးနှင့် မျက်နှာချင်းဆိုင်၊ မန္တလေးမြို့။ ၀၉၄၂၆၆၇၂၂၇၀

Canon Showroom –    နေပြည်တော် ။ အမှတ် (1188) ၊ ရာဇဌာနီလမ်း၊ နေပြည်တော်။ ၀၆၇ ၂၅၃၃၁ ။

Canon Showroom –    တောင်ကြီး ။  အခန်း B (6,7)၊ သီးသန့်ရဲစခန်းတိုက်တန်း၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊

တောင်ကြီးမြို့။ ၀၉၄၄၉၅၃၂၉၁၀

#Canonmyanmar

%d bloggers like this: