Redmi Note 8 Pro ရဲ႕ Hands-on Images ေတြ ထြက္ေပၚလာ

Xiaomi က စြမ္းရည္သင့္ ဖုန္း အသစ္ေတြ ျဖစ္တဲ့ Redmi 8 Series ေတြကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Redmi 8 ရဲ႕ Hands-on Images ေတြ မေန႔က ထြက္ေပၚခဲ့ပါတယ္။ အခုေတာ့ Redmi Note 8 Pro အလွည့္ပါ။ သူဟာ Redmi 8 Series ေတြထဲမွာ စြမ္းရည္အျမင့္ဆံုး ျဖစ္ႏုိင္ပါတယ္။ Redmi Note 8 Pro ရဲ႕ တီဗီ ေၾကာ္ျငာကေန Hands-on Images ကို ရိုက္ကူးထားတာ ျဖစ္ႏိုင္ပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္ ဒီဇိုင္းဟာ Redmi K20 , K20 Pro ေတြနဲ႔ တူညီပါတယ္။

အေနာက္ကင္မရာေတြကေတာ့ ဘယ္ဘက္အထက္မွာ မဟုတ္ေတာ့ဘဲ အလယ္မွာ ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ ကင္မရာ ၃ လံုးနဲ႔ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Redmi က တန္ဖိုးသင့္ ဖုန္းေတြမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ေပးျခင္း မရွိပါဘူး။

Redmi Logo တည္ေနရာဟာလည္း K20 Series ေတြနဲ႔ တူပါတယ္။ Redmi Note 8 Pro ရဲ႕ Specs ေတြေတာ့ သိပ္ၿပီး မထြက္လာေသးပါဘူး။ အေနာက္ကင္မရာ ၃ လံုးပါလာမွာ ေသခ်ာၿပီး ၁ လံုးက 64MP ျဖစ္ပါတယ္။ Redmi ရဲ႕ အႀကီးအကဲ Lu Weibing က Redmi Note 8 Series ေတြဟာ ဘက္ထရီနဲ႔ ကင္မရာေတြ ပိုေကာင္းလာၿပီး Screen-to-body Ratio က ျမင့္တဲ့ အတြက္ ကိုင္ရတာ သက္ေတာင့္သက္သာ ျဖစ္မယ္လို႔ ေျပာထားပါတယ္။

Ref : gsmarena

[Unicode]

Redmi Note 8 Pro ရဲ့ Hands-on Images တွေ ထွက်ပေါ်လာ

Xiaomi က စွမ်းရည်သင့် ဖုန်း အသစ်တွေ ဖြစ်တဲ့ Redmi 8 Series တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Redmi 8 ရဲ့ Hands-on Images တွေ မနေ့က ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Redmi Note 8 Pro အလှည့်ပါ။ သူဟာ Redmi 8 Series တွေထဲမှာ စွမ်းရည်အမြင့်ဆုံး ဖြစ်နိုင်ပါတယ်။ Redmi Note 8 Pro ရဲ့ တီဗီ ကြော်ငြာကနေ Hands-on Images ကို ရိုက်ကူးထားတာ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ အနောက်ဘက် ဒီဇိုင်းဟာ Redmi K20 , K20 Pro တွေနဲ့ တူညီပါတယ်။

အနောက်ကင်မရာတွေကတော့ ဘယ်ဘက်အထက်မှာ မဟုတ်တော့ဘဲ အလယ်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာ ၃ လုံးနဲ့ လက်ဗွေရာ ကိရိယာ ပါပါတယ်။ Redmi က တန်ဖိုးသင့် ဖုန်းတွေမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ပေးခြင်း မရှိပါဘူး။

Redmi Logo တည်နေရာဟာလည်း K20 Series တွေနဲ့ တူပါတယ်။ Redmi Note 8 Pro ရဲ့ Specs တွေတော့ သိပ်ပြီး မထွက်လာသေးပါဘူး။ အနောက်ကင်မရာ ၃ လုံးပါလာမှာ သေချာပြီး ၁ လုံးက 64MP ဖြစ်ပါတယ်။ Redmi ရဲ့ အကြီးအကဲ Lu Weibing က Redmi Note 8 Series တွေဟာ ဘက်ထရီနဲ့ ကင်မရာတွေ ပိုကောင်းလာပြီး Screen-to-body Ratio က မြင့်တဲ့ အတွက် ကိုင်ရတာ သက်တောင့်သက်သာ ဖြစ်မယ်လို့ ပြောထားပါတယ်။

Ref : gsmarena

%d bloggers like this: