RAM 4GB နဲ့ 16-Megapixel ကင်မရာပါဝင်တဲ့ Samsung Galaxy C5 ဖုန်း ထွက်ရှိ

Samsung ဟာ ပထမဆုံး Galaxy C စီးရီးဖုန်းဖြစ်တဲ့ Galaxy C5 စမတ်ဖုန်းကို လွန်ခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပါတယ်။

Galaxy C5 ဖုန်းဟာ ဖုန်းတွင်း storage 32 GB နဲ့ 64 GB ဆိုပြီး မော်ဒယ်နှစ်မျိုးထွက်ရှိလာတာဖြစ်ကာ၊ ဈေးနှုန်းအားဖြင့်၊ ၃ သိန်း ၉ သောင်းခန့်နဲ့ ၄ သိန်း ၃ သောင်းခန့်ရှိပါတယ်။ C5 ဖုန်းကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်ထားပြီး၊ Home ခလုတ်မှာ လက်ဗွေရာဆန်ဆာ ပါဝင်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ တခြား Samsung ဖုန်းတွေနဲ့ သိပ်ကွာခြားမှုမရှိပါဘူး။

၅.၂ လက်မအရွယ် full-HD (1080×1920 pixels) Super Amoled မျက်နှာပြင် နဲ့ဖြစ်ပြီး၊ SIM နှစ်ကတ်ထိုးသုံးနိုင်ပါတယ်။ ဒါပေမယ့် hyprid dual-SIM ဖြစ်တာကြောင့်၊ SIM နှစ်ကတ် ဒါမှမဟုတ် SIM တစ်ကတ်နဲ့ microSD ကတ်တစ်ကတ် ထိုးသုံးနိုင်မှာပါ။

Android 6.0.1 Marshmallow နဲ့ လည်ပတ်ထားပြီး၊ octa-core Qualcomm Snapdragon 617 ၊ RAM 4GB တို့ ပါရှိကာ၊ ဖုန်းတွင်း storage ကတော့ 32 GB နဲ့ 64 GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

C5 ဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ 16-megapixel ကျောကင်မရာ ပါဝင်လာတာဖြစ်ပြီး၊ Samsung ဖုန်းတွေထုံးစံအတိုင်း ကင်မရာက ဖုန်းအပြင်ဘက်ကို ဖောင်းထွက်နေတဲ့ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ ဖုန်းရှေ့ကင်မရာ ကတော့ 8-megapixel ဖြစ်ပါတယ်။

SIM တစ်ကတ်ပဲ 4G သုံးနိုင်ကာ၊ တခြားချိတ်ဆက်မှုအပိုင်းတွေအနေနဲ့ NFC ၊ Wi-Fi ၊ Bluetooth ၊ GPS တို့ ပါဝင်ပါတယ်။ ဖုန်းဘက်ထရီက 2600mAh ဖြစ်ပြီး၊ 4G ကွန်ရက်မှာ မသုံးဘဲထားမယ်ဆိုရင် ၂၃၇ နာရီအထိ ထားနိုင်တယ်လို့ သိရပါတယ်။

Samsung Galaxy C5 ဖုန်းကို လက်ရှိမှာ pre-order မှာယူလို့ရနေပြီဖြစ်ကာ၊ ဂျွန်လ ပထမအပတ်ထဲ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

samsung_galaxy_c5_front_back

Ref: Gadgets360

 

%d bloggers like this: