လာမယ့္ ၃ ႏွစ္အတြင္း ၀က္ႏွလံုးကို လူေတြမွာ အစားထိုးႏုိင္ေတာ့မည္

လာမယ့္ ၃ ႏွစ္အတြင္း ၀က္ႏွလံုးကို လူေတြမွာ အစားထိုးႏုိင္ေတာ့မယ္လို႔ နာမည္ေက်ာ္ ခြဲစိတ္ဆရာ၀န္ ၁ ေယာက္က ေျပာပါတယ္။ ၿဗိတိန္မွာ ပထမဆံုး ႏွလံုး အစားထိုးမႈကို ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့တဲ့ Sir Terence English က အဲဒီ စီမံကိန္းကို အေကာင္အထည္ေဖာ္ေနတာပါ။ အဲဒီ နည္းလမ္းကို Xenotransplantation လို႔ နာမည္ေပးထားၿပီး သူက ေက်ာက္ကပ္ေတာင္ ဒီလို အစားထိုးႏိုင္ရင္ ႏွလံုးလည္း အစားထိုးႏိုင္မယ္လို႔ ေျပာပါတယ္။

ၿဗိတိန္မွာ ႏွလံုးအစားထိုးဖို႔ ေစာင့္ဆုိင္းေနတဲ့ လူေပါင္း ၂၈၀ ေလာက္ရွိပါတယ္။ တိရိစာၦန္ေတြရဲ႕ ႏွလံုးကို လူေတြမွာ အစားထိုးႏုိင္ရင္ ေစာင့္ဆိုင္းစရာ မလိုေတာ့ဘဲ ေရာဂါေ၀ဒနာလည္း ေပ်ာက္ကင္းသြားမွာ ျဖစ္ပါတယ္။ တိရိစာၦန္ေတြကေန ႏွလံုးကို ရယူႏိုင္သလို ဓါတ္ခြဲခန္းထဲမွာ ႏွလံုးကို ဖန္တီးတာမ်ိဳးေတြ ျပဳလုပ္ႏိုင္ပါတယ္။

၀က္ ႏွလံုးဟာ လူေတြနဲ႔ အရြယ္အစား တူတဲ့ အတြက္ ေရြးခ်ယ္ဖို႔ အေကာင္းဆံုး ျဖစ္ပါတယ္။ ေက်ာက္ကပ္အစားထိုးတာကို လာမယ့္လ အနည္းငယ္အတြင္းမွာ ျပဳလုပ္မယ္လို႔ Sir Terence English က ေျပာပါတယ္။ သူဟာ အလာဘားမား တကၠသိုလ္ရဲ႕ ပါေမာကၡ ျဖစ္ပါတယ္။ သူက “ တိရိစာၦန္ အခြင့္အေရး သမားေတြက ဒါကို ဆန္႔က်င္ၾကႏုိင္ပါတယ္။ ဒါေပမယ့္ လူ႔အသက္ေတြကို ကယ္တင္ႏိုင္တာ မေကာင္းဘူးလား။ “ လို႔ ေျပာပါတယ္။

လူ႕ခႏၱာကိုယ္က ျငင္းဆန္တာေတြ မျဖစ္ေအာင္ တိရိစာၦန္ေတြရဲ႕ ႏွလံုးေတြကို အဆင့္ျမင့္ Gene ျပဳျပင္တဲ့ နည္းပညာကို အသံုးျပဳမွာ ျဖစ္ပါတယ္။ လူေတြ မတိုင္ခင္မွာ ေမ်ာက္ေတြနဲ႔ စမ္းသပ္ဖို႔ ရည္ရြယ္ထားပါတယ္။

Ref : dailymail

[Unicode]

လာမယ့် ၃ နှစ်အတွင်း ဝက်နှလုံးကို လူတွေမှာ အစားထိုးနိုင်တော့မည်

လာမယ့် ၃ နှစ်အတွင်း ဝက်နှလုံးကို လူတွေမှာ အစားထိုးနိုင်တော့မယ်လို့ နာမည်ကျော် ခွဲစိတ်ဆရာဝန် ၁ ယောက်က ပြောပါတယ်။ ဗြိတိန်မှာ ပထမဆုံး နှလုံး အစားထိုးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ Sir Terence English က အဲဒီ စီမံကိန်းကို အကောင်အထည်ဖော်နေတာပါ။ အဲဒီ နည်းလမ်းကို Xenotransplantation လို့ နာမည်ပေးထားပြီး သူက ကျောက်ကပ်တောင် ဒီလို အစားထိုးနိုင်ရင် နှလုံးလည်း အစားထိုးနိုင်မယ်လို့ ပြောပါတယ်။

ဗြိတိန်မှာ နှလုံးအစားထိုးဖို့ စောင့်ဆိုင်းနေတဲ့ လူပေါင်း ၂၈၀ လောက်ရှိပါတယ်။ တိရိစ္ဆာန်တွေရဲ့ နှလုံးကို လူတွေမှာ အစားထိုးနိုင်ရင် စောင့်ဆိုင်းစရာ မလိုတော့ဘဲ ရောဂါဝေဒနာလည်း ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ တိရိစ္ဆာန်တွေကနေ နှလုံးကို ရယူနိုင်သလို ဓါတ်ခွဲခန်းထဲမှာ နှလုံးကို ဖန်တီးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

ဝက် နှလုံးဟာ လူတွေနဲ့ အရွယ်အစား တူတဲ့ အတွက် ရွေးချယ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ကျောက်ကပ်အစားထိုးတာကို လာမယ့်လ အနည်းငယ်အတွင်းမှာ ပြုလုပ်မယ်လို့ Sir Terence English က ပြောပါတယ်။ သူဟာ အလာဘားမား တက္ကသိုလ်ရဲ့ ပါမောက္ခ ဖြစ်ပါတယ်။ သူက “ တိရိစ္ဆာန် အခွင့်အရေး သမားတွေက ဒါကို ဆန့်ကျင်ကြနိုင်ပါတယ်။ ဒါပေမယ့် လူ့အသက်တွေကို ကယ်တင်နိုင်တာ မကောင်းဘူးလား။ “ လို့ ပြောပါတယ်။

လူ့ခန္တာကိုယ်က ငြင်းဆန်တာတွေ မဖြစ်အောင် တိရိစ္ဆာန်တွေရဲ့ နှလုံးတွေကို အဆင့်မြင့် Gene ပြုပြင်တဲ့ နည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။ လူတွေ မတိုင်ခင်မှာ မျောက်တွေနဲ့ စမ်းသပ်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : dailymail

%d bloggers like this: