Xiaomi, OPPO နဲ့ Vivo တို့က Cross-Brand File Transfer Service ကို ပြုလုပ်မည်

Xiaomi က Inter-Transfer Alliance Group ကို ကြေညာလိုက်ပြီး OPPO နဲ့ Vivo တို့ ပါဝင်လာပါတယ်။ ကုမ္ပဏီတွေရဲ့ စမတ်ဖုန်းတွေအကြားမှာ လျှင်မြန်လွယ်ကူစွာ ဖိုင်တွေ မျှဝေနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ခလုတ် တစ်ချက်နှိပ် ဒါမှမဟုတ် တစ်ချက်ပွတ်ဆွဲလိုက်တာနဲ့ အိုကေမှာ ဖြစ်ပါတယ်။ အဲဒီ ပလက်ဖောင်းဟာ လက်ရှိမှာ Open Beta အနေနဲ့ ရှိပါသေးတယ်။

Xiaomi က ဖိုင်တွေ မျှဝေရာမှာ ဘက်ထရီ သိပ်မစားသလို 4G Data ကို အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် Third-party App ၁ ခုလည်း မဟုတ်ဘူးလို့ သိရပါတယ်။ ဘလူးတု ဆက်သွယ်မှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ 20 MB/s အမြန်နှုန်းအထိ ရရှိမှာ ဖြစ်တဲ့အတွက် HD Movie ၁ ကားကို ၂ မိနစ်ထဲနဲ့ ပေးပို့နိုင်ပါတယ်။

လက်ရှိမှာ Inter-Transfer Alliance မှာ အဖွဲ့ဝင် ကုမ္ပဏီ ၃ ခုသာ ရှိပါသေးတယ်။ ဒါပေမယ့် Xiaomi က အခြား ကုမ္ပဏီတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။ OPPO နဲ့ Xiaomi တို့ရဲ့ ကုမ္ပဏီခွဲတွေ ဖြစ်တဲ့ Realme နဲ့ Redmi တို့လည်း ပါဝင်လာနိုင်ပါတယ်။

Ref : gsmarena

Xiaomi, OPPO နဲ့ Vivo တို့က Cross-Brand File Transfer Service ကို ပြုလုပ်မည်

%d bloggers like this: