နာရီပေါင်း ၆.၅သန်းကို ချွေတာနိုင်အောင်မြန်ဆန်လာတဲ့ iOS အတွက် Google Search Update

Google ဟာ iOS အတွက် Google Search Update ဗားရှင်းကို မနေ့ကထုတ်လုပ်ခဲ့ပြီး ရှာဖွေရာမှာ ပိုမိုမြန်ဆန်လွယ်ကူလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ တွက်ချက်မှုတွေအရ အခုလုပ်လိုက်တဲ့ Update ဟာ အရင် App ထက်စာရင် အသုံးပြုသူတွေရဲ့နာရီပေါင်း ၆.၅သန်း ကိုချွေတာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Google ဟာ ဒီဗားရှင်းမှာ အဓိက Highlight အနေနဲ့ ပြနိုင်တာတစ်ခုကတော့ AMP လို့ခေါ်တဲ့ နောက်ထပ် Search တစ်ခုကိုအလျှင်အမြန်ပြောင်းလဲနိုင်တာကိုပဲ ပြောခဲ့ပြီး ဒီလုပ်ဆောင်ချက်ကို မကြာသေးခင် လပိုင်းအတွင်းက မိတ်ဆက်ခဲ့တာပါ။ ဒါကြောင့် လက်ရှိဖတ်နေတဲ့ အရာတစ်ခုကနေ နောက်ထပ် Article တစ်ခုကို ချက်ချင်းဆိုသလိုကူးပြောင်းစေနိုင်မှာပါ။

နောက်ထပ်ထည့်သွင်းထားတဲ့ အရာတွေကတော့ အားကစားပွဲတွေရဲ့ ရလဒ်တွေကို Google Now card ကိုဖွင့်လိုက်တာနဲ့ လက်ရှိရလဒ်တွေ၊ Highlight တွေကို ဖော်ပြပေးမှာဖြစ်ပြီး အလုပ်ရှုပ်နေတဲ့အချိန်တွေမှာ Expand လုပ်စရာမလိုပဲ Score တွေကို သိရှိနိုင်မှာပါ။

တခြားထည့်သွင်းထားတဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ iPad တွေအတွက် External ကီးဘုတ်တစ်ခုအပြဖင် ကီးဘုတ် Shortcuts တွေကိုပါ ထည့်သွင်းလာခဲ့တာပါ။ “Command” လို့ခေါ်တဲ့ အမိန့်ပေးကီးတစ်မျိုးပါဝင်လာမှာဖြစ်ပြီး အထဲမှာ Shortcut တွေထည့်သွင်းပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ iOS အတွက် Google Search Version 15.1 ကို App Store မှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

Ref: 9to5 Google, Google Blog, The Verge

 

 

%d bloggers like this: