ပစ္မွတ္ကို အလိုလို ေရြးခ်ယ္ ႏုိင္တဲ့ AI အေျချပဳ ဒံုးက်ည္ကို အေမရိကန္ တီထြင္ေန

အေမရိကန္ စစ္တပ္က နည္းပညာျမင့္ တိုက္ခိုက္ေရး လက္နက္ေတြကို အစဥ္တစိုက္ ဖန္တီးေနပါတယ္။ အခုလည္း ဥာဏ္ရည္တု နည္းပညာပါၿပီး ပစ္မွတ္ကို အလိုလို ေရြးခ်ယ္ ႏုိင္တဲ့ ဒံုးက်ည္ကို အေမရိကန္ တီထြင္ေနပါတယ္။ ၂၀၂၁ ခုႏွစ္မွာ အဲဒီ ဒံုးက်ည္ကို ေအာင္ျမင္စြာ တီထြင္ႏုိင္ဖို႔ ရည္ရြယ္ထားပါတယ္။ အဲဒီ နည္းပညာကို Cannon-Delivered Area Effects Munition (C-DAEM) System လို႔ နာမည္ေပးထားပါတယ္။

ဒံုးက်ည္ဟာ ၆၀ ကီလိုမီတာ အထိ ပစ္ခတ္ႏုိင္ၿပီး ၂၈ ကီလိုမီတာ ပတ္လည္မွ ရန္သူေတြကို ရွာေဖြႏုိင္ပါတယ္။ ေ၀ဟင္ကေန ပစ္မွတ္ေတြကို ရွာေဖြေနခ်ိန္မွာ အရွိန္ေလွ်ာ့တဲ့ နည္းစနစ္ေတြလည္း ထည့္သြင္းထားပါတယ္။ အဲဒီ နည္းပညာကို အေမရိကန္ စစ္တပ္အတြက္ ဖန္တီးေပးဖို႔ ကုမၸဏီေတြက ယွဥ္ၿပိဳင္ၾကမွာပါ။

အေမရိကန္စစ္တပ္က ေမာင္းသူမဲ့ ေလယာဥ္မ်ားကို စိတ္ျဖင့္ ထိန္းခ်ဳပ္ႏုိင္တဲ့ နည္းပညာကို ဖန္တီးေနတယ္လို႔လည္း ေမလက သတင္းထြက္ခဲ့ပါတယ္။ အဲဒီ နည္းပညာကို N3 or Next Generation Nonsurgical Neurotechnology လို႔ အမည္ေပးထားပါတယ္။ ေမာင္းသူမဲ့ ယာဥ္မ်ား၊ ဆိုက္ဘာ ကာကြယ္ေရး စနစ္မ်ားနဲ႔ သင့္ေတာ္မယ့္ ကာကြယ္ေရး စနစ္မ်ားမွာ ဒီနည္းပညာကို အသံုးျပဳမယ္လို႔ ဒါပါရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ နည္းပညာမွာ ပါ၀င္တဲ့ ကိရိယာမ်ားဟာ စစ္ေျမျပင္မွာလို အေျခအေနမ်ိဳးမွာ သံုးႏုိင္ေအာင္ ေသးငယ္ေပ့ါပါးၿပီး မာေၾကာဖို႔ ဒီဇိုင္းထုတ္ထားမွာ ျဖစ္ပါတယ္။

ဒါပါရဲ႕ ဇီ၀ နည္းပညာ ရံုးမွ Dr. AI Emondi က “ ဦးေႏွာက္ရဲ႕ အလြန္ေသးငယ္တဲ့ ဧရိယာမ်ားနဲ႔ တိက်စြာ ဆက္သြယ္ႏုိင္မယ့္ နည္းလမ္းမ်ားကို ပူးေပါင္း ဖန္တီးဖို႔ က႑မ်ားစြာမွ ပညာရွင္မ်ားအား ညႊန္ၾကားထားပါတယ္။ N3 စနစ္မွာ အသံုးျပဳဖို႔ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ လက္ရွိမွာ ဒါပါက ဒီနည္းပညာကို ဖန္တီးေနဆဲ အဆင့္မွာသာ ရွိေနပါေသးတယ္။

Ref : gizmodo

[Unicode]

ပစ်မှတ်ကို အလိုလို ရွေးချယ် နိုင်တဲ့ AI အခြေပြု ဒုံးကျည်ကို အမေရိကန် တီထွင်နေ

အမေရိကန် စစ်တပ်က နည်းပညာမြင့် တိုက်ခိုက်ရေး လက်နက်တွေကို အစဉ်တစိုက် ဖန်တီးနေပါတယ်။ အခုလည်း ဉာဏ်ရည်တု နည်းပညာပါပြီး ပစ်မှတ်ကို အလိုလို ရွေးချယ် နိုင်တဲ့ ဒုံးကျည်ကို အမေရိကန် တီထွင်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ အဲဒီ ဒုံးကျည်ကို အောင်မြင်စွာ တီထွင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ နည်းပညာကို Cannon-Delivered Area Effects Munition (C-DAEM) System လို့ နာမည်ပေးထားပါတယ်။

ဒုံးကျည်ဟာ ၆၀ ကီလိုမီတာ အထိ ပစ်ခတ်နိုင်ပြီး ၂၈ ကီလိုမီတာ ပတ်လည်မှ ရန်သူတွေကို ရှာဖွေနိုင်ပါတယ်။ ဝေဟင်ကနေ ပစ်မှတ်တွေကို ရှာဖွေနေချိန်မှာ အရှိန်လျှော့တဲ့ နည်းစနစ်တွေလည်း ထည့်သွင်းထားပါတယ်။ အဲဒီ နည်းပညာကို အမေရိကန် စစ်တပ်အတွက် ဖန်တီးပေးဖို့ ကုမ္ပဏီတွေက ယှဉ်ပြိုင်ကြမှာပါ။

အမေရိကန်စစ်တပ်က မောင်းသူမဲ့ လေယာဉ်များကို စိတ်ဖြင့် ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေတယ်လို့လည်း မေလက သတင်းထွက်ခဲ့ပါတယ်။ အဲဒီ နည်းပညာကို N3 or Next Generation Nonsurgical Neurotechnology လို့ အမည်ပေးထားပါတယ်။ မောင်းသူမဲ့ ယာဉ်များ၊ ဆိုက်ဘာ ကာကွယ်ရေး စနစ်များနဲ့ သင့်တော်မယ့် ကာကွယ်ရေး စနစ်များမှာ ဒီနည်းပညာကို အသုံးပြုမယ်လို့ ဒါပါရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ နည်းပညာမှာ ပါဝင်တဲ့ ကိရိယာများဟာ စစ်မြေပြင်မှာလို အခြေအနေမျိုးမှာ သုံးနိုင်အောင် သေးငယ်ပေ့ါပါးပြီး မာကြောဖို့ ဒီဇိုင်းထုတ်ထားမှာ ဖြစ်ပါတယ်။

ဒါပါရဲ့ ဇီ၀ နည်းပညာ ရုံးမှ Dr. AI Emondi က “ ဦးနှောက်ရဲ့ အလွန်သေးငယ်တဲ့ ဧရိယာများနဲ့ တိကျစွာ ဆက်သွယ်နိုင်မယ့် နည်းလမ်းများကို ပူးပေါင်း ဖန်တီးဖို့ ကဏ္ဍများစွာမှ ပညာရှင်များအား ညွှန်ကြားထားပါတယ်။ N3 စနစ်မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ လက်ရှိမှာ ဒါပါက ဒီနည်းပညာကို ဖန်တီးနေဆဲ အဆင့်မှာသာ ရှိနေပါသေးတယ်။

Ref : gizmodo

%d bloggers like this: