AI ပါတဲ့ မီးပလပ်ပေါက်

စမတ်ဖုန်းများမှာ ဉာဏ်ရည်တု နည်းပညာများကို ထည့်သွင်းလာကြပါတယ်။ ဒါ့အပြင် AI ကို အခြား ထုတ်ကုန်များမှာပါ အသုံးချလာကြပါတယ်။ အခုလည်း ဉာဏ်ရည်တု နည်းပညာပါတဲ့ စမတ် မီးပလက်ပေါက်ကို မိတ်ဆက်လိုက်ပါတယ်။ စမတ်နေအိမ် ကိရိယာများကို ထုတ်လုပ်နေတဲ့ Currant က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်က Currant Smart Outlet ဖြစ်ပြီး သူ့မှာ ပလက်ပေါက် နှစ်ခု ပါပါတယ်။

သူဟာ ဈေးကွက်ထဲက စမတ် မီးပလပ်ပေါက်များထဲမှာ သူဟာ ဘေးကင်းလုံခြုံမှု အရှိဆုံးလို့ ကုမ္ပဏီက ပြောပါတယ်။ သူ့အတွက် ထုတ်လုပ်ထားတဲ့ App ကနေ လျှပ်စစ်မီး သုံးစွဲမှုကို အချိန်နဲ့ တစ်ပြေးညီ ကြည့်နိုင်ပါတယ်။ စွမ်းအင်ကို အများဆုံး အသုံးပြုတဲ့ အရာများကိုလည်း ပြသပေးထားပါတယ်။ သုံးစွဲတဲ့ လျှပ်စစ်မီး အတွက် ကုန်ကျစားရိတ်များကိုလည်း သိနိုင်ပါတယ်။ သူက စွမ်းအင် စားသုံးမှုကို လျှော့ချပေးနိုင်ပါတယ်။

App ကိုသုံးခြင်းဖြင့် သူ့ကို အဝေးကနေ ထိန်းချုပ်နိုင်ပြီး အသံနဲ့ ထိန်းချုပ်ဖို့အတွက် သူ့ကို Amazon Alexa နဲ့ Google Home Devices များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Schedule များ ပြုလုပ်ပြီး သူ့ကို ထိန်းချုပ်ထားနိုင်ပါတယ်။ App မှာ သင့်ရဲ့ အသုံးပြုမှု အပေါ် မူတည်ပြီး နှစ်သက်တဲ့ Rules များကို သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာအားဖြင့် တီဗီ ပိတ်လိုက်ချိန်မှာ Set-top Box ကို အလိုအလျှောက် ပိတ်အောင် ခိုင်းစေထားနိုင်ပါတယ်။ Currant ရဲ့ Bluetooth Smart Outlet ကို ၅၀ ဒေါ်လာနဲ့ WiFi Smart Outlet ကို ၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : theverge

AI ပါတဲ့ မီးပလပ်ပေါက်

%d bloggers like this: