




Ref : gsmarena

[Unicode]

Huawei P Smart Pro ရဲ့ Specs တွေ သိရပြီ

Huawei ရဲ့ ၂၀၁၈ ခုနှစ်ထုတ် P Smart ရဲ့ မျိုးဆက် ဖြစ်တဲ့ P Smart Pro ရဲ့ သတင်းအချက်အလက်တွေဟာ Android Enterprise Directory ကနေ ထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၅ လက်မ မျက်နှာပြင်၊ 4GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Android 9.0 Pie မောင်းနှင်ထားမှာပါ။

လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပေမယ့် အနောက်ဘက်မှာ တပ်ဆင်ထားမလား ဒါမှမဟုတ် မျက်နှာပြင်အောက်မှာ မြှပ်နှံထားမလားဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ ဒီသတင်းအချက်အလက်တွေကိုသာ သိရပါသေးတယ်။

Huawei P Smart ကို အရင်နှစ် ဒီဇင်ဘာမှာ ကြေညာခဲ့တာပါ။ သူ့မှာ ၆.၂၁ လက်မ IPS LCD 1080x2340p Display ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP f/2.2 Main Camera နဲ့ အတူ 2MP Depth Sensing Second Camera အပိုတစ်လုံး ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera ပါပါတယ်။ 12nm Octa-core HiSilicon Kirin 710 Chipset မောင်းနှင်ထားပါတယ်။

3GB RAM , 64GB Storage ထည့်သွင်းထားပါတယ်။ 3400mAh Battery ပါပါတယ်။ Android 9.0 Pie အခြေပြု EMUI 9.0 မောင်းနှင်ထားပါတယ်။ EMUI 9 မှာ အမြန်နှုန်း တိုးတက်လာပြီး Menu Options များကို နည်းပါးအောင် ပြုလုပ်ထားတဲ့ အတွက် အမြင်ရှင်းလင်းပါတယ်။ Gesture အခြေပြု Navigation စနစ်များ ထည့်သွင်းထားပါတယ်။ USB Type-C အစား microUSB သာ ထည့်သွင်းထားပါတယ်။

Ref : gsmarena

%d bloggers like this: