



Ref : gsmarena

[Unicode]

Geekbench ကနေ Realme 5 Pro ရဲ့ Key Specs တွေ ထွက်လာ

Realme ကို ဒီလ ၂၀ ရက်မှာ ကြေညာတော့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက Geekbench ကနေ Realme 5 ရဲ့ Key Specs တွေ ထွက်ပေါ်လာပါပြီ။ သူ့မှာ Qualcomm Snapdragon 665 SoC နဲ့ 4GB RAM တွေ ထည့်သွင်းထားပါတယ်။ အခုတော့ Realme 5 Pro ဟာလည်း Geekbench ကို ရောက်ရှိလာပါပြီ။

သူ့မှာ Android Pie , Qualcomm Snapdragon 710 SoC , 8GB RAM တွေ ထည့်သွင်းထားပါတယ်။ Snapdragon 710 Chipset ကို Realme 3 Pro မှာလည်း ထည့်သွင်းထားတာပါ။ Benchmarks တွေရဲ့ တချို့ Specs တွေဟာ မှားယွင်းတတ်ပါတယ်။ အရင်တော့ သူ့မှာ Snapdragon 712 SoC ထည့်သွင်းထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Realme က 5 Pro မှာ 48MP Sony IMX586 Sensor နဲ့ VOOC Flash Charge 3.0 တွေ ပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားမှာပါ။ 119 Degrees FoV Ultra-wide Camera လည်း ပါလာမှာပါ။ နောက်ထပ် ကင်မရာ ၂ လုံးက Macro Lens နဲ့ Depth Sensor တွေ ဖြစ်နိုင်ပါတယ်။လာမယ့် အင်္ဂါနေ့မှာ သူ့ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: