စက်တင်ဘာလမှာ ကြေညာနိုင်တဲ့ Apple Watch Series 5

အရင်မျိုးဆက် Apple Watch Series တွေကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာလည်း Apple Watch Series 5 ကို အဲဒီလမှာပဲ တွေ့မြင်ရနိုင်ပါတယ်။ အခုတော့ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က သူတို့ကို စက်တင်ဘာလမှာ မိတ်ဆက်မယ်လို့ ပြောလိုက်ပါတယ်။

သူတို့မှာ ထည့်သွင်းထားမယ့် watchOS 6 ကိုလည်း ကုမ္ပဏီက ပြသခဲ့ပြီးပါပြီ။ စမတ်နာရီ အသစ်တွေမှာ အိပ်စက်မှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါလာနိုင်ပါတယ်။ Ceramic Casing အသစ်လည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အခြား သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Apple ဟာ စမတ်နာရီ ဈေးကွက်မှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး လေးလအတွင်း တစ်ကမ္ဘာလုံးတွင် စမတ်နာရီ ရောင်းအားဟာ ယခင်နှစ်က အဲဒီကာလ ရောင်းအားထက် ၄၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်လို့ Counterpoint Research ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ဒီနှစ်ရဲ့ ပထမဆုံး ကွာတားမှာ Apple ဟာ ဈေးကွက်ဝေစု ၃၅.၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ ဆမ်ဆောင်းက ၁၁ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ တရုတ် ဘရန်း imoo က နံပါတ် ၃ နေရာမှာ ရှိနေပြီး ၉.၂ ရာခိုင်နှုန်း ရထားပါတယ်။

Ref : techradar

စက်တင်ဘာလမှာ ကြေညာနိုင်တဲ့ Apple Watch Series 5

%d bloggers like this: