Vivo Nex 3 မှာ 5G ပါမည်

Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က Nex 3 ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း သူက အဲဒီဖုန်းရဲ့ စကရင်ရှော့ ၁ ပုံကို မျှဝေလိုက်ပြီး Notification Bar မှာ 5G Icon ကို မြင်ရပါတယ်။ သူ့မှာ Snapdragon 855+ ထည့်သွင်းထားနိုင်ပြီး 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။

နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ Ice Universe က Vivo Nex 3 ရဲ့ Display ဓါတ်ပုံတစ်ခုကို ပြသဖူးပါတယ်။ အဲဒီ ဖုန်းမှာ Notch နဲ့ Punch Hole များ မပါပါဘူး။ Display ဟာ အရှေ့ဘက်တစ်ခုလုံးကို အပြည့်ဖုံးထားတဲ့ အပြင် ဘယ်နဲ့ ညာဘက်ထောင့်မှ ကွေးညွှတ်တဲ့ နေရာများအထိ မျက်နှာပြင်က ဖုံးအုပ်ထားတဲ့ အတွက် Screen-to-body Ratio မှာ ၁၀၀ ရာခိုင်နှုန်းကျော်မယ်လို့ Ice Universe က ပြောပါတယ်။

Vivo က ဒီပုံ အတိုင်းသာ တကယ် ထုတ်လုပ်နိုင်မယ်ဆိုရင် စမတ်ဖုန်းတစ်ခုလုံးရဲ့ ကိုယ်ထည်ကို ဖန်နဲ့ တည်ဆောက်ချင်တဲ့ Jony Ive ရဲ့ ရည်မှန်းချက်ကို အနီးစပ်ဆုံး ဖန်တီးနိုင်တဲ့ ကုမ္ပဏီ ဖြစ်လာမယ်လို့ Ice Universe က ပြောပါတယ်။

ဒါပေမယ့် Vivo Nex 3 ရဲ့ ဒီဇိုင်းအတွက် မေးစရာမေးခွန်းများ ရှိပါတယ်။ ဥပမာ Notch နဲ့ Punch Hole များ မပါဘဲ ဆဲလ်ဖီး ကင်မရာကို ဘယ်နေရာမှာ တပ်ဆင်ထားမလဲ ဆိုတာပါ။ Vivo Nex မှာလို Pop-up Selfie Camera ပါလာမလား။ ဒါမှမဟုတ် မကြာခင်က ကြေညာခဲ့တဲ့ OPPO ရဲ့ နမူနာ ဖုန်းမော်ဒယ်မှာလို မျက်နှာပြင်အောက်မှာ ကင်မရာကို မြှပ်နှံထားမလား ဆိုတာတွေပါ။

OPPO နဲ့ Vivo တို့ရဲ့ မိခင် ကုမ္ပဏီဟာ တူနေတဲ့ အတွက် ကုမ္ပဏီ နှစ်ခုဟာ နည်းပညာများကို အချင်းချင်း မျှဝေနိုင်ပါတယ်။ ဒါမှမဟုတ် Vivo Nex 3 မှာ ဆဲလ်ဖီး ကင်မရာကို လုံး၀ ဖယ်ရှားထားနိုင်ပါတယ်။ Vivo ရဲ့ Port-less Apex 2019 Concept Phone လိုမျိုး ဖြစ်ပါတယ်။ Vivo Nex 3 ကို မကြာခင် ကြေညာတော့မှာပါ။

Ref : gsmarena

Vivo Nex 3 မှာ 5G ပါမည်

%d bloggers like this: