Redmi 8 ရဲ႕ Specs ေတြ ထြက္ေပၚလာ

TENAA မွာ Redmi 8 ရဲ႕ Specs ေတြထြက္ေပၚလာပါတယ္။ သူ႔မွာ ၆.၂၁ လက္မ 1520x720p Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေအာက္က ေဘာင္က အနည္းငယ္ ထူပါတယ္။ Notch မွာ 8MP Camera ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးပါၿပီး 12MP Main Camera ပါပါတယ္။ ကင္မရာေအာက္မွာ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားပါတယ္။ Designed by Xiaomi စာသားကိုလည္း အေနာက္ဘက္ေအာက္နားမွာ ေရးထြင္းထားပါတယ္။

သူ႔မွာ 2.0GHz Octa-core Processor ေမာင္းႏွင္ထားပါတယ္။ 2GB/16GB, 3GB/32GB, 4GB/64GB ေတြ ထုတ္လုပ္ထားႏုိင္ပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ Android Pie ေမာင္းႏွင္ထားပါတယ္။ လွ်င္ျမန္စြာ အားသြင္း စနစ္ပါတဲ့ 5000mAh Battery ထည့္သြင္းထားေပမယ့္ အားသြင္း အျမန္ႏႈန္းကို မသိရေသးပါဘူး။ သူ႔ကို ေၾကညာမယ့္ အခ်ိန္နဲ႔ ေစ်းႏႈန္းကို မသိရေသးပါဘူး။ လက္ရွိမွာ သူ႔ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲ သိရပါေသးတယ္။ မၾကာခင္မွာ ပိုမို သိလာရမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Redmi 8 ရဲ့ Specs တွေ ထွက်ပေါ်လာ

TENAA မှာ Redmi 8 ရဲ့ Specs တွေထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၂၁ လက်မ 1520x720p Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်က ဘောင်က အနည်းငယ် ထူပါတယ်။ Notch မှာ 8MP Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါပြီး 12MP Main Camera ပါပါတယ်။ ကင်မရာအောက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ Designed by Xiaomi စာသားကိုလည်း အနောက်ဘက်အောက်နားမှာ ရေးထွင်းထားပါတယ်။

သူ့မှာ 2.0GHz Octa-core Processor မောင်းနှင်ထားပါတယ်။ 2GB/16GB, 3GB/32GB, 4GB/64GB တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android Pie မောင်းနှင်ထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်ပါတဲ့ 5000mAh Battery ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းကို မသိရသေးပါဘူး။ သူ့ကို ကြေညာမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုမို သိလာရမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: