iPhone 11 ကို စက္တင္ဘာလ ၁၀ ရက္မွာ ေၾကညာႏုိင္

Apple က Developers ေတြအတြက္ သတၱမေျမာက္ iOS 13 Beta ကို ျဖန္႔ခ်ီေပးလိုက္ၿပီး ကုဒ္ေတြထဲမွာ iPhone 11 ကို ေၾကညာမယ့္ေန႔ကို ေတြ႕ရပါတယ္။ ကုဒ္ေတြအရ စက္တင္ဘာလ ၁၀ ရက္မွာ ေၾကညာမွာပါ။ အရင္ႏွစ္ကေတာ့ စက္တင္ဘာလ ၁၂ ရက္မွာ ေၾကညာခဲ့တာပါ။

Citi Research က iPhone 11 မွာ Apple Pencil ကို တြဲဖက္ သံုးႏိုင္မယ္လို႔ ေျပာထားပါတယ္။ Citi Research က iPhone 11 ေတြရဲ႕ ေစ်းဟာ အရင္ႏွစ္ ေမာ္ဒယ္ေတြနဲ႔ တူမယ္လို႔လည္း ေျပာပါတယ္။ အဲဒီအတြက္ iPhone XR ရဲ႕ မ်ိဳးဆက္ကို ၇၄၉ ေဒၚလာ သတ္မွတ္ထားႏိုင္ပါတယ္။ ေစ်းအႀကီးဆံုးက iPhone XS Max ရဲ႕ မ်ိဳးဆက္ ျဖစ္ၿပီး ၁၀၉၉ ေဒၚလာနဲ႔အထက္ ရွိႏိုင္ပါတယ္။ iPhone XS ရဲ႕ မ်ိဳးဆက္ကို ၉၉၉ ေဒၚလာ သတ္မွတ္ထားႏုိင္ပါတယ္။

Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ၂၀၁၉ ခုႏွစ္ထုတ္ iPhone မ်ားမွာ ပိုအဆင့္ျမင့္တဲ့ Face ID Camera ပါလာမယ္လို႔ ၿပီးခဲ့တဲ့လကေဟာကိန္းထုတ္ထားပါတယ္။ Kuo က ပတ္၀န္းက်င္မွ အလင္းေရာင္ က်ေရာက္တဲ့အခါမွာ လူ႔ရဲ႕ မ်က္ႏွာကို ေကာင္းစြာ အာရံုခံႏိုင္တဲ့ ဆန္ဆာ အသစ္ကို သံုးထားျခင္းျဖင့္ Face ID လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေအာင္ ဖန္တီးထားမယ္လို႔ ေျပာပါတယ္။

သူက ၂၀၁၉ နဲ႔ ၂၀၂၀ ခုႏွစ္ ထုတ္ အိုင္ပတ္မ်ားမွာ Time of Flight 3D Camera ပါတဲ့ အကြာအေ၀းကို တိုင္းတာတဲ့ စနစ္ကို ထည့္သြင္းထားမယ္လို႔လည္း ေျပာပါတယ္။ ဒီနည္းပညာဟာ ၂၀၂၀ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ ပါလာႏုိင္ပါတယ္။ ဒီ ဆန္ဆာ အမ်ိဳးအစားဟာ ကင္မရာနဲ႔ အရာ၀တၳဳ အၾကားမွ အကြာအေ၀းကို အလင္းျဖင့္ တိုင္းတာျခင္းျဖင့္ အခ်ိန္ကို တြက္ခ်က္တာ ျဖစ္ပါတယ္။ ဒီနည္းပညာက 3D Image မ်ားကို ဖမ္းယူေပးနုိင္ပါတယ္။ ဒီနည္းပညာကို 3D Image နဲ႔ သာမာန္ ဓါတ္ပံုမ်ားရဲ႕ အရည္အေသြးကို တိုးတက္ေစၿပီး အဲဒီပံုမ်ားကို အိုင္ပတ္မွာ Apple Pencil ျဖင့္ Edit ျပဳလုပ္နိုင္မယ္လို႔ Kuo က ေျပာပါတယ္။

ယခင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ iPhone X ရဲ႕ Face ID ဟာ မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာဖို႔ အတြက္ အနီေအာက္ေရာင္ျခည္ေပါင္း ၃၀ ၀၀၀ ေက်ာ္ကို အသံုးျပဳပါတယ္။ အဲဒီနည္းပညာဟာ အေမွာင္ထဲမွာေတာင္ ေကာင္းစြာ အလုပ္လုပ္ေပမယ့္ ေတာက္ပတဲ့ ေနေရာင္ေအာက္မွာေတာ့ သိပ္ၿပီး တိက်မႈ မရွိပါဘူး။ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာေတာ့ ဒီျပႆနာမ်ားကို ေျဖရွင္းႏုိင္မွာပါ။

Ref : tomguide

[Unicode]

iPhone 11 ကို စက်တင်ဘာလ ၁၀ ရက်မှာ ကြေညာနိုင်

Apple က Developers တွေအတွက် သတ္တမမြောက် iOS 13 Beta ကို ဖြန့်ချီပေးလိုက်ပြီး ကုဒ်တွေထဲမှာ iPhone 11 ကို ကြေညာမယ့်နေ့ကို တွေ့ရပါတယ်။ ကုဒ်တွေအရ စက်တင်ဘာလ ၁၀ ရက်မှာ ကြေညာမှာပါ။ အရင်နှစ်ကတော့ စက်တင်ဘာလ ၁၂ ရက်မှာ ကြေညာခဲ့တာပါ။

Citi Research က iPhone 11 မှာ Apple Pencil ကို တွဲဖက် သုံးနိုင်မယ်လို့ ပြောထားပါတယ်။ Citi Research က iPhone 11 တွေရဲ့ ဈေးဟာ အရင်နှစ် မော်ဒယ်တွေနဲ့ တူမယ်လို့လည်း ပြောပါတယ်။ အဲဒီအတွက် iPhone XR ရဲ့ မျိုးဆက်ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။ ဈေးအကြီးဆုံးက iPhone XS Max ရဲ့ မျိုးဆက် ဖြစ်ပြီး ၁၀၉၉ ဒေါ်လာနဲ့အထက် ရှိနိုင်ပါတယ်။ iPhone XS ရဲ့ မျိုးဆက်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ၂၀၁၉ ခုနှစ်ထုတ် iPhone များမှာ ပိုအဆင့်မြင့်တဲ့ Face ID Camera ပါလာမယ်လို့ ပြီးခဲ့တဲ့လကဟောကိန်းထုတ်ထားပါတယ်။ Kuo က ပတ်ဝန်းကျင်မှ အလင်းရောင် ကျရောက်တဲ့အခါမှာ လူ့ရဲ့ မျက်နှာကို ကောင်းစွာ အာရုံခံနိုင်တဲ့ ဆန်ဆာ အသစ်ကို သုံးထားခြင်းဖြင့် Face ID လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဖန်တီးထားမယ်လို့ ပြောပါတယ်။

သူက ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ် ထုတ် အိုင်ပတ်များမှာ Time of Flight 3D Camera ပါတဲ့ အကွာအဝေးကို တိုင်းတာတဲ့ စနစ်ကို ထည့်သွင်းထားမယ်လို့လည်း ပြောပါတယ်။ ဒီနည်းပညာဟာ ၂၀၂၀ ခုနှစ်ထုတ် အိုင်ဖုန်းများမှာ ပါလာနိုင်ပါတယ်။ ဒီ ဆန်ဆာ အမျိုးအစားဟာ ကင်မရာနဲ့ အရာဝတ္ထု အကြားမှ အကွာအဝေးကို အလင်းဖြင့် တိုင်းတာခြင်းဖြင့် အချိန်ကို တွက်ချက်တာ ဖြစ်ပါတယ်။ ဒီနည်းပညာက 3D Image များကို ဖမ်းယူပေးနိုင်ပါတယ်။ ဒီနည်းပညာကို 3D Image နဲ့ သာမာန် ဓါတ်ပုံများရဲ့ အရည်အသွေးကို တိုးတက်စေပြီး အဲဒီပုံများကို အိုင်ပတ်မှာ Apple Pencil ဖြင့် Edit ပြုလုပ်နိုင်မယ်လို့ Kuo က ပြောပါတယ်။

ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone X ရဲ့ Face ID ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် အနီအောက်ရောင်ခြည်ပေါင်း ၃၀ ၀၀၀ ကျော်ကို အသုံးပြုပါတယ်။ အဲဒီနည်းပညာဟာ အမှောင်ထဲမှာတောင် ကောင်းစွာ အလုပ်လုပ်ပေမယ့် တောက်ပတဲ့ နေရောင်အောက်မှာတော့ သိပ်ပြီး တိကျမှု မရှိပါဘူး။ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာတော့ ဒီပြဿနာများကို ဖြေရှင်းနိုင်မှာပါ။

Ref : tomguide

%d bloggers like this: