ကမာၻ႕ အျမန္ဆံုး ႀကိဳးမဲ့ အားသြင္းစနစ္ပါလာမယ့္ Huawei Mate 30

တရုတ္က နာမည္ေက်ာ္ ဘေလာ့ဂါ ၁ ေယာက္က Huawei Mate 30 မွာ ကမာၻ႕ အျမန္ဆံုး ႀကိဳးမဲ့အားသြင္း စနစ္ပါမယ္လို႔ ေျပာပါတယ္။ သူ႔မွာ 25W Wireless Charging ပါမွာ ျဖစ္ၿပီး လက္ရွိမွာ အျမန္ဆံုး ျဖစ္ေနတဲ့ Xiaomi Mi 9 ရဲ႕ 20W ကို ေနာက္ေကာက္ခ်ႏုိင္မွာပါ။ မၾကာခင္က ေၾကညာထားတဲ့ Galaxy Note 10+ မွာ 15W Wireless Charging ပဲ ထည့္ထားတာပါ။

Huawei Mate 30 နဲ႔ Mate 30 Pro တို႔ဟာ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြ ျဖစ္ၿပီး သူတို႔ရဲ႕ သတင္းေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ သူတို႔ကို စက္တင္ဘာလ ၁၉ ရက္မွာ ေၾကညာေတာ့မယ္လို႔ Huawei Consumer Business Software ရဲ႕ ဥကၠဌ Dr. Wang Chenglu ကေျပာပါတယ္။ သူက Huawei Mate 30 နဲ႔ Mate 30 Pro မွာ Kirin 990 Chipset ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ Chipset မွာ 5G Modem ပါမယ္လို႔ထင္ရပါတယ္။

Huawei Mate 30 Pro ရဲ႕ အေနာက္မွာ 40MP Sensor ၂ လံုး ပါမွာ ျဖစ္တဲ့ အျပင္ အရြယ္အစားလည္း ႀကီးမားမွာပါ။ ပင္မ ကင္မရာဟာ 40MP Resolution ျဖစ္ၿပီး P30 Pro လို Quad RYYB Filter ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုမိုႀကီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ျဖစ္ပါတယ္။ သူဟာ 1/1.7” Sensor ျဖစ္ၿပီး P30 Pro ရဲ႕ ပင္မ ဆန္ဆာနဲ႔ အရြယ္အစား တူပါတယ္။

IceUniverse က Mate 30 Pro ရဲ႕ Sensor ဓါတ္ပံုေတြကို မွ်ေ၀ထားတာပါ။ သူ႔ရဲ႕ Sensors ေတြဟာ Galaxy S10 နဲ႔ Note 10 ထက္ ပိုႀကီးပါတယ္။ Mate 30 Pro ရဲ႕ Telephoto Camera ဟာ 8MP ျဖစ္ႏုိင္ၿပီး P30 Pro နဲ႔ တူညီပါတယ္။ Huawei Mate 30 Pro မွာ ၆.၇၁ လက္မ AMOLED Display ပါမယ္ဆိုတာကို ေမလက သတင္းထြက္ခဲ့ပါတယ္။ ဇြန္လမွာေတာ့ တရုတ္က ထြက္လာတဲ့ သတင္းအရ မ်က္ႏွာျပင္ဟာ 90Hz Refresh Rate ျဖစ္မယ္လို႔ သိရပါတယ္။ OnePlus 7 Pro နဲ႔ တူသြားမွာပါ။

Mate 30 Pro ရဲ႕ ဓါတ္ပံုမ်ားလည္း ေပါက္ၾကားထြက္ေပၚလာပါတယ္။ မ်က္ႏွုာျပင္မွာ Curved Edges မ်ားကို အသံုးျပဳထားၿပီး မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ အေပၚေထာင့္မွာ Punch Hole Camera ကို ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာ ၂ လံုး ထည့္သြင္းထားတာကို ျမင္ရပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး LED Flash ကိုလည္း ျမင္ရပါတယ္။ ကင္မရာမ်ားမွာ 5x Optical Zoom နဲ႔ 50x Digital Zoom ကို ေထာက္ပံ့ေပးထားမွာ ျဖစ္ပါတယ္။

SoC မွာ Balong 5000 5G Modem ပါလာမွာပါ။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္ထားႏုိင္ပါတယ္။ 4200mAh Battery ထည့္သြင္းထားၿပီး 55W Fast Charging ပါလာမွာပါ။ Mate 30 5G ကို ဒီဇင္ဘာလမွာ ေၾကညာမယ္လို႔ သိရပါတယ္။

Ref : gsmarena

[Unicode]

ကမ္ဘာ့ အမြန်ဆုံး ကြိုးမဲ့ အားသွင်းစနစ်ပါလာမယ့် Huawei Mate 30

တရုတ်က နာမည်ကျော် ဘလော့ဂါ ၁ ယောက်က Huawei Mate 30 မှာ ကမ္ဘာ့ အမြန်ဆုံး ကြိုးမဲ့အားသွင်း စနစ်ပါမယ်လို့ ပြောပါတယ်။ သူ့မှာ 25W Wireless Charging ပါမှာ ဖြစ်ပြီး လက်ရှိမှာ အမြန်ဆုံး ဖြစ်နေတဲ့ Xiaomi Mi 9 ရဲ့ 20W ကို နောက်ကောက်ချနိုင်မှာပါ။ မကြာခင်က ကြေညာထားတဲ့ Galaxy Note 10+ မှာ 15W Wireless Charging ပဲ ထည့်ထားတာပါ။

Huawei Mate 30 နဲ့ Mate 30 Pro တို့ဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပြီး သူတို့ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့ကို စက်တင်ဘာလ ၁၉ ရက်မှာ ကြေညာတော့မယ်လို့ Huawei Consumer Business Software ရဲ့ ဥက္ကဌ Dr. Wang Chenglu ကပြောပါတယ်။ သူက Huawei Mate 30 နဲ့ Mate 30 Pro မှာ Kirin 990 Chipset ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Chipset မှာ 5G Modem ပါမယ်လို့ထင်ရပါတယ်။

Huawei Mate 30 Pro ရဲ့ အနောက်မှာ 40MP Sensor ၂ လုံး ပါမှာ ဖြစ်တဲ့ အပြင် အရွယ်အစားလည်း ကြီးမားမှာပါ။ ပင်မ ကင်မရာဟာ 40MP Resolution ဖြစ်ပြီး P30 Pro လို Quad RYYB Filter ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကြီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ဖြစ်ပါတယ်။ သူဟာ 1/1.7” Sensor ဖြစ်ပြီး P30 Pro ရဲ့ ပင်မ ဆန်ဆာနဲ့ အရွယ်အစား တူပါတယ်။

IceUniverse က Mate 30 Pro ရဲ့ Sensor ဓါတ်ပုံတွေကို မျှဝေထားတာပါ။ သူ့ရဲ့ Sensors တွေဟာ Galaxy S10 နဲ့ Note 10 ထက် ပိုကြီးပါတယ်။ Mate 30 Pro ရဲ့ Telephoto Camera ဟာ 8MP ဖြစ်နိုင်ပြီး P30 Pro နဲ့ တူညီပါတယ်။ Huawei Mate 30 Pro မှာ ၆.၇၁ လက်မ AMOLED Display ပါမယ်ဆိုတာကို မေလက သတင်းထွက်ခဲ့ပါတယ်။ ဇွန်လမှာတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ မျက်နှာပြင်ဟာ 90Hz Refresh Rate ဖြစ်မယ်လို့ သိရပါတယ်။ OnePlus 7 Pro နဲ့ တူသွားမှာပါ။

Mate 30 Pro ရဲ့ ဓါတ်ပုံများလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှုာပြင်မှာ Curved Edges များကို အသုံးပြုထားပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ Punch Hole Camera ကို ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံး ထည့်သွင်းထားတာကို မြင်ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး LED Flash ကိုလည်း မြင်ရပါတယ်။ ကင်မရာများမှာ 5x Optical Zoom နဲ့ 50x Digital Zoom ကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

SoC မှာ Balong 5000 5G Modem ပါလာမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားနိုင်ပါတယ်။ 4200mAh Battery ထည့်သွင်းထားပြီး 55W Fast Charging ပါလာမှာပါ။ Mate 30 5G ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: