Huawei Mate X ကို စက်တင်ဘာ နောက်ပိုင်းကျမှ ရောင်းမည်

Huawei Mate X ကို ရောင်းဖို့ ထပ်ပြီး နောက်ဆုတ်လိုက်ပါတယ်။ ကုမ္ပဏီက စက်တင်ဘာမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် မဖြစ်နိုင်တော့ဘူးလို့ တရုတ်မှ ပွဲ ၁ ခုမှာ TechRadar ကို ပြောပါတယ်။ Huawei က ခေါက်ချိုး ဖုန်း Mate X ကို ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC 2019 မှာ မိတ်ဆက်ခဲ့တာပါ။ အခုဆိုရင် အဲဒီ ဖုန်းကို ကြေညာခဲ့တာ ငါးလကျော်ကြာပါပြီ။ အစောပိုင်းကတော့ အဲဒီ ဖုန်းကို ဇွန်မှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

Samsung က ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို အဆင်သင့် မဖြစ်သေးခင်မှာ ရောင်းချဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ Galaxy Fold ရဲ့ Review Units တွေမှာ မျက်နှာပြင် ပြဿနာတွေ ဖြစ်ပွားခဲ့တာပါ။ Huawei ရဲ့ ခေါက်ချိုး စမတ်ဖုန်း Mate X မှာတော့ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မထွက်လာသေးပါဘူး။

Huawei ရဲ့ စားသုံးသူ စီးပွားရေး လုပ်ငန်းမှ ဒါရိုက်တာ He Gang က “Mate X ဟာ အရည်အသွေး မပြည့်မှီရင် ရောင်းချမှာ မဟုတ်သေးပါဘူး။ Huawei ဟာ အရည်အသွေး အပိုင်းကို အရမ်းကို ဦးစားပေးတယ်ဆိုတာ လူတိုင်း သိစေချင်ပါတယ်။ ကျွန်တော်တို့ထက် စောပြီး Samsung က ခေါက်ချိုး စမတ်ဖုန်းကို ရောင်းချမှာကို စိတ်မဝင်စားပါဘူး။ Mate X ကို အပြစ်အနာအဆာ ကင်းအောင် ကြိုးစားဖန်တီးနေပါတယ်။ သုံးစွဲသူတွေကို အကောင်းဆုံး အရည်အသွေးကို ပေးချင်တာပါ။ “ လို့ အရင်က ပြောခဲ့ပါတယ်။

Ref : theverge

Huawei Mate X ကို စက်တင်ဘာ နောက်ပိုင်းကျမှ ရောင်းမည်

%d bloggers like this: