EISA ရဲ႕ အေကာင္းဆံုး စမတ္ဖုန္း ဆုကို Huawei P30 Pro ရရွိသြား

 

EISA (Expert Imaging and Sound Association) က ႏွစ္တိုင္း အေကာင္းဆံုး စမတ္ဖုန္းဆုေတြကို ခ်ီးျမွင့္ေလ့ရွိပါတယ္။ ဒီႏွစ္မွာလည္း ႏိုင္ငံေပါင္း ၂၉ ခုက နည္းပညာ မဂၢဇင္းေတြမွ ကြ်မ္းက်င္သူ ၆၁ ေယာက္က က႑ေပါင္းစံုမွ အေကာင္းဆံုး စမတ္ဖုန္းေတြကို ေရြးခ်ယ္ေပးလိုက္ပါတယ္။

Best Smartphone Award ကို Huawei P30 Pro ၊ Best Liftstyle Smartphone Award ကို Honor 20 Pro ၊ Advanced Smartphone Award ကို  OnePlus 7 Pro က ဆြတ္ခူးသြားပါတယ္။ တန္ဖိုးနည္း စမတ္ဖုန္း အပိုင္းမွာ Redmi Note 7 က Best Buy Smartphone Award ကို ရရွိသြားပါတယ္။ Huawei ဟာ ၂ ႏွစ္ဆက္တိုက္ အေကာင္းဆံုး စမတ္ဖုန္းဆုကို ရသြားတာပါ။ အရင္ႏွစ္ကလည္း Huawei P20 Pro ဟာ အဲဒီဆုကို ရခဲ့ပါတယ္။

 

ဇူလိုင္လကလည္း Huawei P30 နဲ႔ P30 pro တို႔ဟာ ၂၀၁၉ ခုႏွစ္အတြက္ Asia Mobile Awards ကို ရရွိသြားခဲ့ပါတယ္။ အဲဒီဆုကို မီဒီယာမ်ား၊ ေစ်းကြက္ ကြ်မ္းက်င္သူမ်ားနဲ႔ နယ္ပယ္အသီးသီးမွ နာမည္ေက်ာ္ၾကားသူမ်ားက ေရြးခ်ယ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔က ဒီဇိုင္း၊ စြမ္းေဆာင္ရည္နဲ႔ အသံုးျပဳမႈမ်ား အေပၚ အေျခခံ တြက္ခ်က္ၿပီး အမွတ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

 

P30 Pro မွာ အေနာက္ကင္မရာ ေလးလံုး တပ္ဆင္ထားၿပီး 10x Hybrid Zoom Periscope နဲ႔ ထူးျခားဆန္းသစ္တဲ့ RYYB Sensor မ်ား ထည့္သြင္းထားပါတယ္။ သူဟာ Mobile Photography အပိုင္းမွာ အရမ္းကို ထူးျခား ဆန္းသစ္လာပါတယ္။ P30 Series မ်ားဟာ ေရာင္းအား အရမ္းကို ေကာင္းေနပါတယ္။ ၃ လအတြင္းမွာ အလံုးေရ ၁၀ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

 

Ref : gsmarena

 

[Unicode]

EISA ရဲ့ အကောင်းဆုံး စမတ်ဖုန်း ဆုကို Huawei P30 Pro ရရှိသွား

 

EISA (Expert Imaging and Sound Association) က နှစ်တိုင်း အကောင်းဆုံး စမတ်ဖုန်းဆုတွေကို ချီးမြှင့်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း နိုင်ငံပေါင်း ၂၉ ခုက နည်းပညာ မဂ္ဂဇင်းတွေမှ ကျွမ်းကျင်သူ ၆၁ ယောက်က ကဏ္ဍပေါင်းစုံမှ အကောင်းဆုံး စမတ်ဖုန်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

Best Smartphone Award ကို Huawei P30 Pro ၊ Best Liftstyle Smartphone Award ကို Honor 20 Pro ၊ Advanced Smartphone Award ကို  OnePlus 7 Pro က ဆွတ်ခူးသွားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း အပိုင်းမှာ Redmi Note 7 က Best Buy Smartphone Award ကို ရရှိသွားပါတယ်။ Huawei ဟာ ၂ နှစ်ဆက်တိုက် အကောင်းဆုံး စမတ်ဖုန်းဆုကို ရသွားတာပါ။ အရင်နှစ်ကလည်း Huawei P20 Pro ဟာ အဲဒီဆုကို ရခဲ့ပါတယ်။

 

ဇူလိုင်လကလည်း Huawei P30 နဲ့ P30 pro တို့ဟာ ၂၀၁၉ ခုနှစ်အတွက် Asia Mobile Awards ကို ရရှိသွားခဲ့ပါတယ်။ အဲဒီဆုကို မီဒီယာများ၊ ဈေးကွက် ကျွမ်းကျင်သူများနဲ့ နယ်ပယ်အသီးသီးမှ နာမည်ကျော်ကြားသူများက ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အသုံးပြုမှုများ အပေါ် အခြေခံ တွက်ချက်ပြီး အမှတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

 

P30 Pro မှာ အနောက်ကင်မရာ လေးလုံး တပ်ဆင်ထားပြီး 10x Hybrid Zoom Periscope နဲ့ ထူးခြားဆန်းသစ်တဲ့ RYYB Sensor များ ထည့်သွင်းထားပါတယ်။ သူဟာ Mobile Photography အပိုင်းမှာ အရမ်းကို ထူးခြား ဆန်းသစ်လာပါတယ်။ P30 Series များဟာ ရောင်းအား အရမ်းကို ကောင်းနေပါတယ်။ ၃ လအတွင်းမှာ အလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

 

Ref : gsmarena

 

%d bloggers like this: